Main menu

Background

ပြည်တွင်းနို့ဆီ လက်လီဈေးများ

Sun, 06/24/2012 - 05:07 -- Anonymous (not verified)

နို့ဆီထက် နို့စိမ်း အဝင်ပိုခဲ့စင်ကာပူနိုင်ငံမှ နို့ဆီ ၁၈၁ ဒသမ ၅၈ တန်နဲ့ နို့စိမ်း ၃၉၉ ဒသမ ၇၉ တန် ကို ဇွန် ၃ ရက်မှ ၉ ရက်အတွင်း ပင် လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူ တင်သွင်းခဲ့ပါတယ်။ စုစုပေါင်း တင်သွင်းတန်ချိန်က ၅၈၁ ဒသမ ၃၇ တန်ဖြစ်ပြီး တန်ဖိုးက  ကန်ဒေါ်လာ ခြောက်သိန်းကျော်ဖိုး  ဖြစ်ပါတယ်။ ယခင်သီတင်းပတ် နို့ဆီတင်သွင်းမှုက တန်ချိန် နှစ်ရာ့ငါးဆယ်ကျော် ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နို့ဆီက တန် ခုနစ်ဆယ်ကျော်ပိုမိုတင်သွင်းခဲ့ပြီး တန် ချိန် နှစ်ရာကျော်ပိုမိုတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ နို့ဆီထက် နို့စိမ်းက အဝင်ပိုခဲ့ပါတယ်။နို့မှုန့်က ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၃ ဒသမ ဝ၅ တန်သာ တင်သွင်းခဲ့ပါ တယ်။ ယခင်တစ်ပတ် နို့မှုန့်တင်သွင်း မှုက တန် ခုနစ်ဆယ့်ခုနစ်တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့မှုန့် အဝင်လျော့ခဲ့ပါတယ်။ MIRT (DOT) နို့ဆီနဲ့ နို့စိမ်းသာ အသွင်းရှိမြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ် လာ သုည ဒသမ ဝ၇၆ သန်း တန်ဖိုးရှိ နို့စိမ်း ၇၇ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ဝ၀၄ သန်းတန်ဖိုးရှိ နို့ဆီ ၄ တန်ခန့်ကို ဇွန် ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း  အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက်   နို့ဆီ၊ နို့စိမ်း အသွင်းလျော့ခဲ့ပါတယ်။ ယခုအပတ်မှာ နို့မှုန့်လည်း အသွင်းမရှိခဲ့ဘူးလို့ သိရ ပါတယ်။            MIRT(DOBT)ပြည်တွင်းနို့ဆီ လက်လီဈေးများ    နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး  လက်လီ ဈေးတွေကတော့    အောက်ပါအတိုင်း ဖြစ်ပါတယ်-                 နို့ဆီလက်လီဈေး                                              ကျပ်/တစ်ဘူး    နို့ဆီအမျိုးအမည်    ရန်ကုန်     မန္တလေး    ဒွန်း (နို့ဆီ)            ၇၆၀         ၇၅၀        ဒွန်း (နို့စိမ်း)          ၆၅၀         ၆၂၅    ဝမ်းတီးနို့ဆီ            ၆၄၀        ၆၆၀    အိုကေ(နို့ဆီ)          ၆၅၀        ၆၁၅    အိုကေ(နို့စိမ်း)         ၆၅၀       ၆၀ဝ    MIRT (DOT)