Main menu

Background

ပင်လယ်ရေကြောင်းက နှမ်းနည်းနည်းမှန်မှန် အပို့ရှိ

Sun, 06/24/2012 - 05:09 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုကတေ့ ပမာဏနည်းနည်းနဲ့ မှန်မှန်သွားနေပါတယ်။ ယခင်တစ်ပတ်က တန် ၅၅၀ တင်ပို့နိုင်သလို ယခုတစ်ပတ် (ဇွန်လ ၄-၈) အတွင်းမှာလည်း နှမ်းတန်ချိန် ၅၄၅ တန် တင်ပို့နိုင်တာ တွေ့ရပါတယ်။ ဒီတစ်ပတ် တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်၊ တောင်ကိုရီးယား၊ ကူဝိတ်၊ မလေးရှားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် ဇွန်လ ၈ ရက်အထိ ပြည်ပကို နှမ်းစုစုပေါင်းတင်ပို့မှုမှာတန်ချိန် ၈၃၀ဝ ခန့်ရှိပြီးကန်ဒေါ်လာ ၁၃ သန်းခန့်ရရှိထားလို့ ယခင် ဘဏ္ဍာနှစ် ကာလတူတင်ပို့မှု တန်ချိန် ၄၅၀ဝ ခန့်မှ ရရှိတဲ့ ဝင်ငွေကန်ဒေါ်လာ ၇ သန်းကျော်ထက် ပိုမိုတင်ပို့နိုင်သလို ဝင်ငွေလည်း ပိုမိုကြောင်း သိရပါတယ်။ MIRT - MAPT