Main menu

Background

ကမ္ဘာ့စီးပွားရေးကျဆင်းမှုအရ စားအုန်းဆီဈေးမှာ ၂၀၁၂ အတွင်း အနိမ့်ဆုံးကို ရောက်ရှိလာ

Sun, 06/24/2012 - 05:12 -- Anonymous (not verified)

        အီးယူအကြွေးအကျပ်အတည်းနဲ့ အမေရိကန် စီးပွားရေးကျဆင်းမှုတို့ကြောင့် မလေးရှား စားအုန်းဆီကြိုပွိုင့် ဈေးဟာ ၂၀၁၂ ခုနှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ အမေရိကန်အလုပ်အကိုင် အခြေအနေနဲ့ အီတလီ အြွေကးလေလံရလဒ်တို့ကို စောင့်ကြည့်လျက်ရှိပါတယ်။ မသေချာတဲ့ ကမ္ဘာ့စီးပွား ရေးက အာရှရှယ်ယာဈေးနှုန်းများ ဇွန်လ ၁၄ ရက်မှာ ကျဆင်းဖို့ တွန်းပို့လာခဲ့ ပါတယ်။    ဂရိရွေးကောက်ပွဲကို စောင့်ကြည့်ရင်း သီတင်းတစ်ပတ်ကုန်သွားပြီဖြစ်ပြီး၊ အဲဒီအချိန်အတွင်း ဈေးကွက်ကို ဝင်ရောက်မှုမရှိခဲ့ဘူးလို့ စင်ကာပူရှိ Phillip  Futures မှ ကုန်စည်လေ့လာသူ Ker  Chung  Yang  မှ ပြောကြားပါတယ်။ ဝယ်လိုအားမြင့်မားပြီး လက်ကျန်နည်းလာတဲ့ အခြေအနေတွေက ဈေးကွက်ကောင်း ဖို့ ဖြစ်လာပေမယ့် ကမ္ဘာ့စီးပွားရေး အချက်အလက်များက ယင်းအခြေအနေ ကောင်းတွေကို လွှမ်းမိုးနေဆဲပဲလို့ ဆိုပါတယ်။    ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဩဂုတ်လအခြေခံစံနှုန်း စားအုန်းဆီကြိုပွိုင့် ဈေးက ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီ၊ တစ်တန် ရင်းဂစ် ၂၈၅၇ (ကန်ဒေါ်လာ ၈၉၈)ဈေးရှိခဲ့ပါတယ်။ တစ်တန်ရင်းဂစ် ၂၉၀ဝ (ကန်ဒေါ်လာ ၉၁၂)အောက်ကို ကျဆင်းလာခြင်းဟာ ယခုနှစ်မှာ ပထမအကြိမ်ဘဲဖြစ်တယ်လို့ ဆိုပါတယ်။ မေလ အတွင်း မလေးရှား စားအုန်းဆီ လက်ကျန်က ၁၃ လအတွင်းအနိမ့်ဆုံးကို ရောက်ရှိခဲ့ ပါတယ်။ ဝယ်လိုအား ကောင်းနေတဲ့ လက္ခဏာက လက်ကျန် လျော့ပါးလာစေခဲ့ပါ တယ်။    ဇွန်လ ၁ ရက်မှ ၁၀ ရက်အတွင်း မလေးရှားစားအုန်းဆီ တင်ပို့မှုက နှေးကွေး နေပေမယ့် အိန္ဒိယနဲ့ ပါကစ္စတန်တို့က မူဆလင်ဥပုသ်လအတွက်ပြန်လည် သိုလှောင်ဖို့ ဝယ်ယူမှုမြင့်တက်ဖွယ်ရှိတယ်လို့ ကုန်သည်များက မျှော်လင့်ကြပါတယ်။ အမေရိကန်စိုက်ပျိုးရေးဌာနကဇွန် ၁၃ ရက် ပဲပုပ်လက်ကျန်လျော့နည်းတဲ့ အစီ ရင်ခံစာကလည်း ရောင်းချမှုကို လျော့ပါးစေပြီး စားအုန်းဆီဈေးကို အထောက် အပံ့ဖြစ်လာနိုင်ပါတယ်။    ရေနံဈေးနှုန်းက တစ်စည် ကန်ဒေါ်လာ ၉၇ အထက်မှာရှိနေပြီး၊ အခြား ဟင်းသီးဟင်းရွက် ဈေးကွက်များမှာ ဇူလိုင်လပို့ရမယ့် အမေရိကန် ပဲပုပ်ဆီဈေး သုည ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ဒေလီယံကုန်စည်ဒိုင်မှာ ၂၀၁၃ ဇန်နဝါရီလ စာချုပ်ဈေးက ၂ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့လို့ မေ ၁၅ ရက် နောက်ပိုင်း အကြီးမားဆုံးကျဆင်းခြင်း ဖြစ်တယ်လို့ သိရပါတယ်။ယုဇနSource: Reuters