Main menu

Background

ပြည်တွင်း၊ ပြည်ပရောင်းချနိုင်ဖို့ အသားတိုးနွားမွေးမြူမှုလုပ်ငန်း စတင်အကောင်အထည်ဖော်

Sun, 06/24/2012 - 05:14 -- Anonymous (not verified)

     ပြည်တွင်းအသားစားသုံးမှု ဖူလုံရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်ဖို့ရည်ရွယ်ပြီး၊ အသားတိုးနွားမွေးမြူရေးလုပ်ငန်းကို ပုသိမ်ကြီးမြို့နယ်၊ ကံကြီးကျေးရွာရှိ သာလွန်နွားမွေးမြူရေးခြံမှာ စတင်အကောင်အထည်ဖော်လျက်ရှိရာ တိရစ္ဆာန်မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီး၊ မန္တလေးတိုင်းဦးစီးမှူး ဒေါက်တာသောင်းထိုက်၊ ပုသိမ်ကြီးမြို့နယ်မှ ဒေါက်တာစိုးလွင်နဲ့တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီးက "အသားစားနွား သီးသန့်ရှိဖို့လိုအပ်တယ်။ ပြည်ပပို့ကုန်အနေနဲ့ တစ်ဖက်တစ်လမ်းကလည်းဝင်ငွေရမှာ။ အသားတိုး နွားသီးသန့်မွေးရင် တစ်နှစ်ခွဲ ဆို စားလို့ရပြီ။ ခိုင်းနွားက ဥပဒေအရ ၁၆ နှစ်ကျော်မှ သတ်ရတာ။ အသားတိုး နွားမွေးမယ်ဆိုရင် ကျန်းမာရေးအတွက် စားသုံးဖို့အဆင်ပြေတာပေါ့။ အသားတိုးနွားမွေးမြူမှုက ပြည်တွင်းမှာ ပထမဆုံး စတင်အကောင်အထည်ဖော်တာပဲ။ မွေးမြူ တဲ့အခါမှာ စနစ်တကျနဲ့ သန့်သန့်ရှင်းရှင်းမွေးရမယ်။ ကူးစက်ရောဂါကင်းအောင် စနစ်တကျ လုပ်ဖို့လိုတယ်။ သတ်မှတ်ချက် တွေနဲ့ ကိုက်ညီရင် ခြံမှတ်ပုံတင်ဆောင်ရွက်လို့ရပါတယ် " လို့ ပြောပါတယ်။ ပြည်တွင်းမှာ သာလွန်အသားတိုးနွားမွေးမြူရေးခြံမှ ဧက ၂၀ ပေါ်မှာ နွားအကောင်ရေ ၆၀ဝ နဲ့ စတင်မွေးမြူလျက်ရှိပါတယ်။ သာလွန်မွေးမြူရေးလုပ်ငန်းကို မွေးမြူရေးလုပ်ငန်း ရှင်များ စုပေါင်းဖွဲ့စည်းပြီး မွေးမြူခြင်းဖြစ်ကြောင်း သိရပါတယ်။" ခြံမှတ်ပုံတင်ဖို့ ဆောင်ရွက်နေပါတယ်။ မွေးထားတာတော့ ၆ လရှိပြီ။  ၆ လလောက်ဆို ရောင်းလို့ ရမှာပါ။ အမဲသားက ပြည်တွင်းမှာ စားသုံးမှုနဲ့တော့ ဖူလုံပေမယ့် ပြည်ပကဈေးတအားကောင်းတဲ့အတွက် ပြည်ပရောင်းဖို့ ရည်ရွယ်ပြီးမွေးမြူတာပါ။ ကျန်းမာရေးအတွက် ကာကွယ်ဆေးတွေ ထိုးထားပါတယ်'' လို့ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။        ဇူးဇူး