Main menu

Background

ပိုမိုတိုးတက် မြန်မာ့ရေထွက်

Sun, 06/24/2012 - 05:16 -- Anonymous (not verified)

       ပဲလောက၏ တတိယမျိုးဆက်သို့ တည်ဆောက်ပေးအပ်ခဲ့ရမယ့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေ ကြောင်းကုန်သွယ်မှု မှ ရေထွက်ကုန်ပစ္စည်း တင်ပို့ နိုင်မှုမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈၇ သန်း ကျော်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၄၅၁ သန်းကျော် တင်ပို့နိုင်ခဲ့ သဖြင့် ကာလတူထက်တန်ဖိုး ၁၄၆ သန်းကျော် ပိုမိုတိုးမြှင့်တင်ပို့ခဲ့သည် ကို တွေ့ရှိရပါသည်။ ငါး တင်ပို့မှုမှနေ၍ ၁၃၈ သန်းကျော်၊ ပုစွန်တင်ပို့မှုမှ ကိုးသန်းကျော်၊ အခြားရေထွက်ပစ္စည်း တင်ပို့မှုမှာ ၁၆ သန်းကျော် အသီးသီး တိုးမြှင့်တင်ပို့နိုင်ခဲ့သည် ကို တွေ့ရှိရပါသည်။ ငါးတင်ပို့မှု ဈေးကွက်အနေ ဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ ၅၃ ဒသမ ၁၉ ရာခိုင်နှုန်းဖြင့် ပထမအများဆုံး၊ ကူဝိတ်နိုင်ငံသို့ ၁၄ ဒသမ ၁၄ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး၊  ဆောဒီအာရေးဗီးယားနိုင်ငံ   သို့ ၇ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် တတိယအများဆုံး၊ စင်ကာပူနိုင်ငံသို့  ၆ ဒသမ ၁၈ ရာခိုင်နှုန်းဖြင့် စတုတ္ထအများဆုံး၊ ယူအေအီးနိုင်ငံသို့ ၅ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့် ပဉ္စမအများဆုံး၊ မလေးရှား နိုင်ငံသို့  ၅ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ဆဋ္ဌမ အများဆုံး အသီးသီးတင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိ ရပါသည်။ ရေချိုငါးတင်ပို့မှုအနေဖြင့် ယခင်နှစ် ကာလတူထက် ပိုမိုတိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး ရေချိုငါး အမျိုးအစားများတွင် အဓိကအများဆုံးတင်ပို့နေ သော ငါးမြစ်ချင်းအား အရှေ့အလယ်ပိုင်း ဈေး ကွက်ဖြစ်သည့် ကူဝိတ်နှင့် ဆော်ဒီအာရေးဗီးယား နိုင်ငံများသို့ အများဆုံး တင်ပို့လျက်ရှိပါသည်။ ယခုအချိန်တွင်  အရှေ့အလယ်ပိုင်းနိုင်ငံများ၌ နိုင်ငံရေး မငြိမ်မသက်ဖြစ်နေပြီး ဝယ်လိုအား ကျ ဆင်းလျက်ရှိနေခြင်း၊ ပြည်တွင်း ငါးမွေးမြူရေးကန် များမှထွက်ရှိသည့် ငါးများ ဈေးကွက်အတွင်း ဝင် ရောက်လာမှု များပြားနေသောကြောင့် ရောင်းလို အားများပြီး ဝယ်လိုအားနည်းနေ သဖြင့် ဈေးကွက် ငြိမ်သက်ပြီး ရေချိုငါးတင်ပို့မှု အနည်းငယ်လျော့ ကျလာနိုင်ပါသည်။ ရေချို ငါးမွေးမြူရေးအနေဖြင့် အရှေ့အလယ်ပိုင်းဈေးကွက်တစ်ခုတည်းကိုသာ တင်ပို့နိုင်ပြီး ကာလရှည်မွေးမြူရသည့် ငါးမြစ်ချင်း တစ်မျိုးတည်းကိုသာ အဓိကထား မွေးမြူခဲ့ကြ သဖြင့် အရှေ့အလယ်ပိုင်းဈေးကွက်မှ ဝယ်လိုအား လျော့နည်းလာချိန်တွင် ငါးမွေးမြူသူများအခက် အခဲဖြစ်ပေါ်ခဲ့သဖြင့် ယခုအချိန်တွင် ရေချိုငါး ထုတ်လုပ်တင်ပို့ရောင်းချသူ  ကုမ္ပဏီလုပ်ငန်းရှင် များနှင့် သက်ဆိုင်ရာအသင်းအဖွဲ့ များ ပူးပေါင်း၍ ဈေးကွက်အမျိုးမျိုးမှ ကြိုက်နှစ်သက်ပြီး ကာလ တိုမွေးမြူနိုင်၍ ဈေးကောင်းရရှိသော ကကတစ်၊ တီလားဗီးယားနှင့် ငါးရံ့တို့အား ပြောင်းလဲမွေးမြူ ၍ ခိုင်မာသည့်ဈေးကွက်တစ်ခု တည်ဆောက်နိုင် ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။ ရေငန်ငါးတင်ပို့မှုအနေဖြင့်  အိမ်နီးချင်း တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံများသို့ အဓိကထား တင်ပို့လျက်ရှိပါသည်။ ရေလုပ်ငန်း ကဏ္ဍအတွက် တိုးတက်ဆောင်ရွက်နိုင်မည့် အလားအလာများ ရှိနေပြီး ငါးတင်ပို့မှုဈေးကွက်ကြီးဖြစ်သည့် ဥရောပ ဈေးကွက်အား ထိုးဖောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အားသာချက်နှင့် အလားအလာကောင်းများ ရှိနေ ပြီးဖြစ်သဖြင့် ရှေ့ဆက် ၍ မြန်မာ့ရေထွက်ပစ္စည်း တင်ပို့နိုင်မှုကဏ္ဍမှနေ၍ နိုင်ငံတော်အတွက် နိုင်ငံ ခြားဝင်ငွေများ ပိုမိုတိုးမြှင့်ရှာဖွေပေးနိုင်မည် ဖြစ် ပါသည်။မောင်မောင်လွင်အမွေ