Main menu

Background

ပို့ကုန်ဝင်ငွေရှာဖွေပေးနေသည့် မြန်မာ့ကွမ်းသီးအခွံ

Sun, 06/24/2012 - 05:17 -- Anonymous (not verified)

      အဖိုးတန်သစ်အမျိုးမျိုး၊ ပန်းမန်အမျိုးမျိုး၊ ဆေးဘက်ဝင် ပရဆေးကုန်ကြမ်းအမျိုးမျိုးးနှင့် သဘာဝပေါက်ပင်များပေါက်ရောက်လျက်ရှိ သည့် မြန်မာနိုင်ငံတွင် ကွမ်းသီးပင်များကို မြန်မာနိုင်ငံအောက်ပိုင်းဒေသများရှိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိနေကြပြီ ဖြစ်ပါတယ်။ကွမ်းသီးအား ကွမ်းယာထဲတွင်ထည့်စား၍သော် လည်းကောင်း၊ အဝတ်အထည်ပိတ်စများအား အရောင်ဆိုးရာတွင် အရောင်မပျက်စေရန်အတွက် အရောင်ချုပ်ဆေးအဖြစ်သော်လည်းကောင်း အသုံးပြုလျက်ရှိကြပါတယ်။ မြန်မာနိုင်ငံ သည် ပြည်ပပို့ကုန်ဝင်ငွေရရှိရေးအတွက် ပြည်တွင်းမှထုတ်ကုန်အမယ်များ အား ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ကွမ်းသီးအား ကွမ်းသီး(အလုံး) ၊ (အခြမ်း)နှင့် ကွမ်းသီးစိတ်ဟူ၍ ပါကစ္စတန်၊ စင်ကာပူနှင့် ဆောဒီအာရေဗျနိုင်ငံများ သို့ ပင်လယ်ရေကြောင်းမှတစ်ဆင့်တင်ပို့လျက်ရှိပါတယ်။ထို့အပြင် ကွမ်းသီးမှထွက်ရှိသည့် ဘေးထွက်ပစ္စည်းဖြစ်သည့် ကွမ်းသီးအခွံသည်လည်း ပို့ကုန်ဝင်ငွေရှာဖွေပေးနေသည့် အမယ်တစ်ခုအဖြစ် ရပ်တည် လျက်ရှိနေပါတယ်။ ကွမ်းသီးအခွံအား ဗီယက်နမ်၊ စင်ကာပူ၊ ပါကစ္စတန်နှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ၂၀၀၉ - ၂၀၁၀ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန် ၄၀၀ ကျော်၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန် ၃၅၀ ကျော်နှင့် ၂၀၁၁ -၂၀၁၂ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန် ၄၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။မြန်မာနိုင်ငံတွင် ကွမ်းသီးကို မြန်မာ့ရိုးရာကွမ်းယာတွင် ထည့်သွင်းစားသုံးခြင်းနှင့် ပြည်ပနိုင်ငံများတွင် အဝတ်အထည်များ အရောင်ဆိုးရာတွင် အရောင်ချုပ်ဆေးအဖြစ်အသုံးပြုသကဲ့သို့ ၎င်းကွမ်းသီး၏အခွံကိုလည်း ပြည်ပနိုင်ငံများတွင် စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုလျက်ရှိရာ အမှိုက်မှ နိုင်ငံခြားငွေ ရှာဖွေပေးနိုင်သော မြန်မာ့ကွမ်းသီးအခွံအကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။                                                  စန္ဒာထွန်း