Main menu

Background

ဒေါ်လာရတဲ့အုန်း

Sun, 06/24/2012 - 05:18 -- Anonymous (not verified)

    မြန်မာနိုင်ငံတစ်ဝန်းရှိ ကျေးရွာတိုင်းတွင် အုန်း ပင်များ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်ကို တွေ့ရ ပါသည်။ အုန်းပင်သည် မြေအငန်ဓာတ် ကြွယ်၀ သောမြေမျိုးတွင် ပေါက်ရောက်ဖြစ်ထွန်းလေ့ရှိပြီး ပူအိုက်စွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက် သည်။ မြန်မာနိုင်ငံ နတ်မြစ်ဝမှ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး   ကော့သောင်းအငူ အထိ မိုင်ပေါင်း ၁၃၀၀ ကျော်ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် အများ  ဆုံး ပေါက်ရောက်သည်။ မြန်မာ့ပင်လယ်ပြင်ရှိ ကျွန်းများတွင်လည်း အုန်းပင်များ စိမ်းစိမ်းစိုစို ပေါက်ရောက်နေသည့် မြင်ကွင်းကို တွေ့ရှိရပါ သည်။ အုန်းသီးကို မြန်မာနိုင်ငံတွင် ရိုးရာနတ်ပူ ဇော်ခြင်း၊ မြန်မာ့ရိုးရာ စားစရာအမျိုးမျိုးတွင် ထည့် သွင်းအသုံးပြုခြင်း၊ အုန်းဆီကို ခေါင်းလိမ်းဆီအဖြစ် အသုံးပြုခြင်းနှင့် အုန်းလက်ကို တံမြက်စည်းကြမ်း  အုန်းဆံကို ကြိုးကျစ်ခြင်း  ခြေသုတ်ခုံကြမ်းနှင့် အလှအရုပ်ကလေးများ အဖြစ်ပြုလုပ်ကြပါသည်။ အုန်းခွံကို အလှရုပ်လေးများပြုလုပ်၍ အသုံးပြု နေကြသည်။ ယခုအခါ အုန်းသီးနှင့် အုန်းသီး ထွက်ပစ္စည်းများကို ပြည်ပပို့ကုန်အဖြစ် တင်ပို့ နေပြီမို့ ယခင်အမှိုက်များအဖြစ်သာ စွန့်ပစ်ခဲ့ကြ သော အုန်းဆံခွံသည်လည်း အမှိုက်မှ ရွှေဖြစ်နေပြီ ဖြစ်သည်။ သို့ဖြစ်ရာ စွန့်ပစ်ခဲ့သော အမှိုက်များ သည် ယခုအခါ ကျေးလက်နေပြည်သူများအဖို့ ဝင်ငွေရရှိလာနိုင်သော  အကျိုးပြုပစ္စည်းြ ဖစ်လာ ကြောင်း တွေးမိပါသည်။ သို့ဖြစ်ရာ မြန်မာပြည် တစ်ဝန်း၌ ဘေးထွက်ပစ္စည်းများဖြစ်သော အုန်း ဆံဖတ်၊ အုန်းဆံကြိုး၊ အုန်းခွံဖြင့်  ပြုလုပ်သော လူ့အသုံးအဆောင်  ပစ္စည်းများကို တန်ဖိုးမြှင့် ပြည်ပပို့ကုန်အဖြစ်  တိုးမြှင့်ဆောင်ရွက်နိုင် ပါက ကျေးလက်လူထုလည်း ဝင်ငွေတိုး၊ နိုင်ငံအတွက် လည်း ပို့ကုန်ဝင်ငွေတိုးတက်ဖြစ်ထွန်းလာပေမည်။ အုန်းထွက်ပစ္စည်း များ ပြည်ပတင်ပို့မှု အခြေအနေ အားလေ့လာကြည့်ရာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် အတွင်း အုန်းဆံကြိုးတန် ၃၀ ကျော် တန်ဖိုး ကန် ဒေါ်လာ ၄၈၀၀ ကျော်ဖိုးကို တရုတ်နိုင်ငံကို တင်ပို့ ခဲ့တာ တွေ့ရပါသည်။ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ် အတွင်းမှာလည်း အုန်းဆံဖတ်တန် ၆၀ ခန့်ကို တရုတ်၊ ကိုရီးယားနှင့် မလေးရှားနိုင်ငံများသို့ တင်ပို့ နိုင်ခဲ့ကြောင်း သိရှိရပါသည်။ သို့ဖြစ်ရာ အမှိုက်ထဲ က ရွှေဖြစ်သော တန်ဖိုးမြှင့်ပို့ကုန်ပစ္စည်း အမယ် သစ်များကို ထုတ်လုပ်တင်ပို့ခြင်းဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးတက်ပြီး နိုင်ငံအတွက်လည်း ပို့ကုန်ဝင်ငွေတိုးတက်လာမည်  ဖြစ်ပါကြောင်း အသိပေး ရေးသားလိုက်ရပါသည်။ထွန်းမြင့်ထွန်း