Main menu

Background

မတ်ပဲ

Sun, 06/24/2012 - 05:19 -- Anonymous (not verified)

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်      ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်     ၁ တန်         ၃၉၉၀၀၀     ၃၉၉၀၀၀            ၂    မုံရွာ               ၁ ပိဿာ           ၆၂၅         ၆၃၅            ၃    ပြည်               ၁ ပိဿာ          ၆၀၇          ၆၀၇        ၄    ဟင်္သာတ         ၁ ပိဿာ          ၆၁၃          ၆၁၃            ၅    မန္တလေး          ၁ ပိဿာ          ၆၃၃           ၅၈၃မတ်ပဲဈေးတန့်ပြီး အရောင်းအဝယ်ဖြစ်    ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို အိတ်စပို့ အဆွဲ နည်းနည်းအေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး တန့်နေကြောင်း သိရပါတယ်။ အိတ်စပို့အဆွဲ နည်းနည်းအေးနေသ လို ရောင်းသူ ကုန်သည်များကလည်း  ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းနေတယ်လို့  ဆိုပါတယ်။  အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၃၉၇၅၀၀ ကျပ်မှ  အမြင့်ဆုံး ၄၀၀၅၀၀ ကျပ်အတွင်း တန် ၃၄၅၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေး ဈေးကွက်မှာ မတ်ပဲ (ကုန်ကြမ်း)ကို ရန်ကုန်အဆွဲနည်းသလို မြို့ခံ ပဲခွဲစက်များကလည်း ဝယ်အားအနည်းငယ်သာရှိခဲ့တယ်လို့ မြို့ခံကုန် သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၅၈၃ ကျပ် (တစ်တန်ကို ၃၅၇၀၂၃ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၄၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာ မတ်ပဲက အရည်အသွေးပိုင်းမှာ ညံ့တာကြောင့် အိတ်စပို့အဆွဲအေး ပြီး ဒေသတွင်းပဲခွဲစက်များနဲ့ လက်လီပြန်လည်ရောင်းချမည့်သူများ သာဝယ်အားအနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာကို ၆၃၅ ကျပ်(တစ်တန်ကို ၃၈၈၈၆၇ ကျပ်)ဈေး နဲ့နေ့စဉ်အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ဈေး ကွက်မှာ မတ်ပဲကဈေးကွက်သို့ အဝင်နည်းသွားသလို ရန်ကုန်ဝယ် လက်ကလည်း ဝယ်အားပျော့သွားတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၆၀၇ ကျပ်(တစ်တန်ကို ၃၇၁၇၂၀ ကျပ်) ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၂၃၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဘု ရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးအေးနေတဲ့အပေါ် တွက်ချက်ဝယ်ယူမှုတွေရှိနေတယ်လို့ ပွဲရုံရပ်ကွက်မှဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၁၃ ကျပ်(တစ်တန်ကို ၃၇၅၃၉၅ ကျပ်)ဈေးနဲ့နေ့စဉ်အိတ် ၂၀၀၀ မှ ၂၅၀၀ ကြားဖြစ်ခဲ့တယ် လို့ သိရပါတယ်။