စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ တောင်ကြီး ၁ ပိဿာ ၃၃၅ ၃၇၀ ၂ လားရှိုး ၁ ပိဿာ ၄၀၀ ၄၂၅ ၃ မူဆယ် ၁ တန် ၂၉၅၀၀၀ ၃၀၉၂၁၈ ၄ မန္တလေး ၁ ပိဿာ ၃၈၀ ၄၁၇ဈေးကောင်းရနေတဲ့ ပြောင်း တောင်ကြီးဈေးကွက်မှာ ပြောင်းကို ရန်ကုန်-မန္တလေးဝယ် လက်နဲ့ ဒေသတွင်းအစာစပ်သမားများက ဝယ်အားပုံမှန်ရှိပေမယ့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏ အ နည်းငယ်လျော့သွားတယ်လို့ ဒေသခံပြောင်းကုန်သည် တစ်ဦးကဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၇၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၇၀၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိသလို ရောင်းသူ ကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့လို့ ယခင်အ ပတ်နဲ့စာရင် ဈေးကအမြင့်မှာရှိနေတယ်လို့ ဆိုပါတယ်။ လားရှိုး ဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲသွက်နေပေမယ့် ရောင်းသူ ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၄၂၅ ကျပ်ဈေးနဲ့ တစ်ပတ် အတွင်း ပိဿာချိန် ၄၀၂၅၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းက ဈေးကွက်သို့ အဝင်ပုံ မှန်ရှိသလို တရုတ်အဆွဲကလည်း သွက်နေတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၄၁၇ ကျပ် (တစ်တန်ကို ၂၅၅၃၆၆ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း မြို့ခံပြောင်းကုန်သည်တစ်ဦးကဆိုပါတယ်။
Background