ပဲတီစိမ်း(အညာ)
စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မကွေး ၁ ပိဿာ ၁၀၅၂ ၉၅၀ ၂ မုံရွာ ၁ ပိဿာ ၁၀၇၄ ၁၀၅၃ ၃ မန္တလေး ၁ ပိဿာ ၁၁၀၂ ၁၁၀၂ ၄ ရေစကြို ၁ ပိဿာ ၁၀၄၀ ၁၀၁၆ ၅ ပခုက္ကူ ၁ ပိဿာ ၁၀၁၅ ၁၀၁၅ပဲတီစိမ်း (အညာ) ကို အိတ်စပို့ အဆွဲအေးလို့ ဈေးကျ မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကို တရုတ်အဆွဲ အေးသလို ဈေးနှုန်းကလည်း အတက်အကျမရှိဘဲ ဈေးတန့်နေတယ် လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၀၂ ကျပ် (တစ်တန်ကို ၆၇၄၈၅၃ ကျပ်)ဈေးနဲ့တစ်ရက်ကို အိတ် ၆၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့တယ်လို့သိရပါတယ်။ မကွေးဈေးကွက်မှာ ပဲတီစိမ်းကို မန္တလေး-ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်း သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာ ကို ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည် တစ်ဦးကဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ပဲတီစိမ်းကို မန္တလေးဝယ် လက်က ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေ တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၁၅ ကျပ်(တစ်တန်ကို ၆၂၁၅၇၅ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်း ကိုမန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအ ဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်နေတဲ့ ထိပ်စက တော့ တစ်ပိဿာ ၁၀၅၃ ကျပ်(တစ်တန်ကို ၆၄၄၈၄၆ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ် ဦးက ဆိုပါတယ်။
