စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မန္တလေး ၁ ပိဿာ ၉၉၃ ၁၀၁၃ ၂ မကွေး ၁ ပိဿာ ၉၉၅ ၉၉၅ ၃ မုံရွာ ၁ ပိဿာ ၉၈၄ ၁၀၀၅ ၄ အောင်လံ ၁ ပိဿာ ၉၉၀ ၁၀၀၀ ၅ မြင်းခြံ ၁ ပိဿာ ၉၈၅ ၁၀၀၀ ၆ ပြည် ၁ ပိဿာ ၁၀၁၀ ၁၀၁၀ ၇ ပခုက္ကူ ၁ ပိဿာ ၉၈၄ ၁၀၁၀ကုလားပဲဈေးအနည်းငယ်မာ မန္တလေးဈေးကွက်တွင် ဒီတစ်ပတ်ကုလားပဲကို ရန်ကုန်ဝယ် လက်နဲ့ မြို့ခံပဲခွဲစက်များက ဝယ်လိုအား မြင့်လာတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၁၃ ကျပ်(တစ် တန်ကို ၆၂၀၃၅၁ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၇၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံခွဲစက်လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။ မြင်းခြံဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်များက ဒီတစ်ပတ် မှာ ဝယ်လိုအားအနည်းငယ် လျော့သွားတယ်လို့ သိရပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၀၀ ကျပ် (တစ်တန်ကို ၆၁၂၃၉၀ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀ မှ ၂၀၀ ကြားသာဖြစ် ခဲ့တယ်လို့ဆိုပါတယ်။ မကွေးဈေးကွက်မှာ ကုလားပဲကို ဒေသတွင်း ခွဲစက်တွေက ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ် နေတယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၉၅ ကျပ်(တစ်တန်ကို ၆၀၉၃၂၈ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ဈေးကွက်မှာ ဒီတစ်ပတ် ကုလားပဲကို မြို့ခံပဲခွဲစက်တွေနဲ့ အမှုန့်ကြိတ်စက်များက ဝယ်အားပုံ မှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်းများတာကြောင့် ယ ခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၁၀ ကျပ်(တစ်တန်ကို ၆၁၈၅၁၃ ကျပ်) ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန် သည်တစ်ဦးက ဆိုပါတယ်။ ပခုက္ကူမှာ ကုလားပဲကို မြို့ခံခွဲစက်များ က ပစ္စည်းဝယ်ယူမှုဖြည့်တင်းတဲ့အနေနဲ့ ဝယ်လိုအားများလာတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၁၀ ကျပ်(တစ်တန်ကို ၆၁၈၅၁၃ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲကို ဒေသတွင်းခွဲစက်၊ အမှုန့်ကြိတ်စက်၊ ကြာဇံစက်နဲ့ လက် လီသမားများ ဝယ်အားများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၀၅ ကျပ်(တစ်တန်ကို ၆၁၅၄၅၁ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၇၀၀၀ ခန့်အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း ပွဲရုံရပ်ကွက်မှဆိုပါတယ်။
Background