Main menu

Background

ပဲစင်းငုံနီ

Sun, 06/24/2012 - 05:31 -- Anonymous (not verified)

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်    ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်    ၁ တန်         ၄၆၆၀၀၀    ၄၇၇၅၀၀            ၂    မန္တလေး         ၁ ပိဿာ         ၇၀၈         ၇၂၅         ၃    မုံရွာ              ၁ ပိဿာ         ၇၀၀         ၇၃၅        ၄    ပခုက္ကူ           ၁ ပိဿာ         ၇၀၅         ၇၃၀            ၅    မြင်းခြံ            ၁ ပိဿာ        ၇၀၀          ၇၂၀            ၆    အောင်လံ        ၁ ပိဿာ        ၇၀၀         ၇၂၅            ၇    မကွေး            ၁ ပိဿာ       ၇၀၀          ၇၂၅            ၈    ပြည်              ၁ ပိဿာ       ၇၀၀          ၇၂၀    ၉    ရေစကြို          ၁ ပိဿာ       ၇၀၅         ၇၃၀    ပဲစင်းငုံနီအရောင်းအဝယ်သွက်လို့ ဈေးစွာလာ    ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီ (RC) ကို အိတ် စပို့ဝယ်လက်တွေက ဈေးပေးအဝယ်ရှိသလို ဝယ်အားပါသွက်လာတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန်ကို အနိမ့် ဆုံး ၄၇၁၅၀၀ ကျပ်မှ အမြင့်ဆုံး ၄၇၇၅၀၀ ကျပ်အတွင်း တန်ချိန် ၃၄၆၅ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲဈေးကလည်း ကောင်းလာသလို ရောင်းသူ ကုန်သည်များကလည်း တက်ဈေးမှာ အရောင်းများလာတာကြောင့် ဈေးကွက်မှာ အရောင်းအဝယ်စည် ကားနေတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ မန္တလေးဈေး ကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၇၂၅ ကျပ်(တစ်တန်ကို ၄၄၃၉၈၂ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ မုံရွာဈေးကွက်မှာ ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိသလို ရောင်းသူ ကုန်သည် များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၃၅ ကျပ် (တစ်တန်ကို ၄၅၀၁၀၆ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၇၀၀ ကြားဖြစ်ခဲ့တယ် လို့သိရပါတယ်။ အောင်လံဈေးကွက်မှာ ရန်ကုန်အဆွဲ ပုံမှန်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအမြင့်မှာရှိနေတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၂၅ ကျပ် (တစ်တန်ကို ၄၄၃၉၈၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ ရန်ကုန်ဝယ်လက်က ဝယ်အားပုံ မှန်ရှိပေမယ့် လှောင်လက်ကုန်သည်များက  ကြိုက်ဈေးမရလို့ အရောင်းနည်းနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၂၅ ကျပ်(တစ်တန်ကို ၄၄၃၉၈၂ ကျပ်) ဈေးနဲ့ တစ်ပတ် အတွင်း အိတ် ၁၅၀၀ ခန့်သာဖြစ်ခဲ့တယ်လို့သိရပါတယ်။ မြင်းခြံဈေး ကွက်မှာ ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန်အဆွဲကလည်း သွက် လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၇၂၀ ကျပ်(တစ်တန်ကို ၄၄၀၉၂၀ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပွဲရုံရပ်ကွက်မှဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် က တစ်ပိဿာ ကို ၇၃၀ ကျပ် (တစ်တန်ကို ၄၄၇၀၄၄ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၂၀၀ ခန့်အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။