Main menu

Background

စင်ကာပူနိုင်ငံနဲ့ မန္တလေးတိုင်းဒေသကြီးမှ စီးပွားရေးလုပ်ငန်းရှင် အချင်းချင်း တွေ့ဆုံဆွေးနွေး

Sun, 06/24/2012 - 05:46 -- Anonymous (not verified)

        စင်ကာပူနိုင်ငံနဲ့ မန္တလေးတိုင်းဒေသကြီးမှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲကို ဆီဒိုးနားဟိုတယ် အမရပူရခန်းမမှာ ဇွန်လ ၁၂ ရက်နေ့က ကျင်းပပြု လုပ်ခဲ့ပါတယ်။    အဆိုပါ ဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးရာ ဝန်ကြီး ဌာနဝန်ကြီး၊ မြို့တော်ဝန်၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များ အသင်းဥက္ကဌနဲ့ တာဝန်ရှိသူများ၊ စင်ကာပူနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၁၁၀ ဦးနဲ့ မန္တလေးတိုင်းဒေသကြီးမှ ကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြ ပါတယ်။    ဆွေးနွေးပွဲမှာ စင်ကာပူနိုင်ငံမှ ရေနံနဲ့ ကမ်းလွန်ပင်လယ်ရေနံဓါတ်ငွေ့ အခြေခံ အဆောက်အဦဖွံ့ဖြိုးရေး၊  gas & oil   လုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ ပါဝါဂျင်နရေတာ၊ ပို့ဆောင်ဆက်သွယ်ရေး၊ လယ်ယာထွက်ကုန်၊ အီလက်ထရောနစ်၊ Food  ၊ သဘာ၀ စွမ်းအင်စွန့်ပစ်ပစ္စည်း၊ အသုံးချစွမ်းအင်၊ သန့်ရှင်းစွမ်းအင်   oil  and  gas အင်ဂျင်နီယာလုပ်ငန်း၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေဖွံ့ဖြိုးရေး၊ ပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေးလုပ်ငန်း၊  ပင်လယ်ထွက်ကုန် ဘဏ်လုပ်ငန်းများ၊  IT  လုပ်ငန်းများ၊ ကား ထုတ်လုပ်ရေး၊ အကြီးစားစက်မှုနှင့် သတ္ထုတူးဖော်ရေး၊ ခရီးသွား  လုပ်ငန်း၊ ဖိနပ် လုပ်ငန်း၊ မိုဘိုင်းဖုန်းလုပ်ငန်းများ ဆွေးနွေးလိုသော်လည်း အချို့လုပ်ငန်းများမှာ တွေ့ဆုံဖို့ ခက်ခဲလို့ မတွေ့ရကြောင်း၊ Bus ကား ထုတ်လုပ်သူ Mis  Rachel Lee က ပြောပါတယ်။ စီးပွားရေးလုပ်ငန်းရှင် များအဖွဲ့မှ ဇွန် ၁၃ ရက်မှာ ကုန် စည်ဒိုင် ကားကွင်းနဲ့ စက်မှုဇုန်ကို သွားရောက်လေ့လာမှာ ဖြစ်ကြောင်း သိရပါ တယ်။                                                            ဇူးဇူး