Main menu

Background

နယ်စပ်မှ ပရဆေး ကုန်သွယ်မှုပို

Sun, 06/24/2012 - 06:32 -- Anonymous (not verified)

        ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၉၇၈ သန်းတန်ဖိုး ရှိ ပရဆေး ကုန်ကြမ်း ၇၀၅ တန်ခန့် အပို့ရှိခဲ့ပြီး တမူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆ ဒသမ ၉၅ သန်းအသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပရဆေးကုန်ကြမ်းတင်ပို့မှု ၆၁ တန်ကျော် အပို့ပိုခဲ့ပြီး တမူးနယ်စပ်မှ ၁ ဒသမ ၆ တန်အသွင်းပိုခဲ့ပါတယ်။ တမူးနယ်စပ်မှတင်သွင်းတဲ့ ပရဆေး ကုန်ကြမ်းတွေကတော့ တောင်လုံးကျော် ၆ ဒသမ ၈ တန်၊ ဟင်းရိုင်းဖြူ  သုညဒသမ ၁၅ တန် ဖြစ်ပါတယ်။ မူဆယ် နယ်စပ်မှ ယခုအပတ်တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေ ကတော့ ကန်ဒေါ်လာ သုည ဒသမ ၉၇၈ သန်းတန်ဖိုးရှိ ဆီးဆံ၊ ဂုံညှင်းလုံး၊ တောင်လုံးကျော်၊ အုံတုံခေါက်၊ ချဉ်ပေါင်ဖာလာ (အခွံမပါ)၊ ဒရင်ကောက်မြစ်၊ နနွင်းခေါင်း၊ နနွင်းတက်၊ ကွမ်းသီးခွံ၊ ချင်းခြောက်၊ ဝဥခြောက်၊ မန်ကျည်းမှည့် (အစေ့ပါ)၊ စကားပန်းပွင့်ခြောက်နဲ့ နှမ်းနက်တို့ကို တန် ၇၀၀ ကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကထက် တောင်လုံးကျော်၊ ဂုံညှင်းလုံး၊ အုံတုံခေါက်၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ နနွင်းခေါင်း၊ နနွင်းတက်၊ ဝဥခြောက်၊ စကားပန်းပွင့်ခြောက်တို့ အပို့ပိုခဲ့ပါတယ်။MIRT(DOBT)