Main menu

Background

အပ်ကားပါမစ်ဈေးနှုန်း အပြောင်းအလဲရှိပြီး ကားသစ်ဈေးဝယ်သူ အသာစီးရ

Sun, 06/24/2012 - 06:37 -- Anonymous (not verified)

    ယခုလဆန်းပိုင်းမှာ ကားဟောင်းပါမစ်ဈေးနှုန်း ကျပ်သိန်း ၇၀ ထိ ဈေးမြင့်လာခဲ့ပြီး၊ ယခုတစ်ပတ်မှာ ကျပ်သိန်း ၆၀ ဝန်းကျင်နဲ့ ဈေးပြန်ငြိမ် နေပါတယ်။ အပ်ကားများ ကုန်သလောက်ရှိပြီး၊ လက်ကျန်နည်းနေခြင်းနဲ့ ၂၀၀၇ မော်ဒယ်အထက်ကားများ တင်သွင်းမှုဆိုင်းငံ့နေခြင်းကြောင့် ကား ပါမစ်ဈေး မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။"ဈေးကွက်ထဲမှာ လက်ကျန်ကား သိပ်မရှိတော့ အရောင်းအဝယ် မဖြစ်ဘူး။ ပါမစ်တော့ ဈေးပြန်တက်ပြီး ငြိမ်နေတာ။ ၂၀၀၇ မော်ဒယ် အထက်ကားက ဈေးကွက်ထဲမဝင်သေးတော့ အပ်ကားအစားထိုးကား လောက်ပဲ ရှိနေတယ်။ ပါမစ်ဝယ်ထားတဲ့သူတွေတော့ ဈေးမကိုက်ဘူး။ ကားဈေးက ကျပ်သိန်း ၁၅၀ နဲ့ ၂၀၀ ကြားပဲရှိတယ်။ အပ်ကားက ကုန် သလောက်ရှိနေပြီ။ လက်ကျန်နည်းနေတာ ၁၀၀၀ ဝန်းကျင်လောက်ပဲ ကျန်မယ်ထင်တယ်''လို့ ကားရောင်းသမား ဦးဝင်းမြင့်ဦးက ပြောပါတယ်။မန္တလေးကားဈေးကွက်အတွင်းမှာ ''ပ'' အက္ခရာ ယာဉ်ဟောင်းများ ကုန်ဆုံးပါက Taxi   ကား နံပါတ်အနီများအပ်နှံဖို့ သတင်းထွက်ပေါ်နေသော် လည်း ဈေးကွက်ငြိမ်နေကြောင်း သိရပါတယ်။ ဈေးကွက်အတွင်းမှာရှိနေ တဲ့ မော်ဒယ်မြင့်ကားများမှာလည်း ဈေးကွက်အေးနေခြင်းကြောင့် ဝယ် ယူသူစိတ်ကြိုက်ဈေးကွက်ဖြစ်နေကြောင်း သိရပါတယ်။         ဇူးဇူး