ရန်ကုန်မြို့ ကားဈေးကွက်အတွင်း အပေါ်ကား အရောင်းအဝယ်အေး နေသော်လည်း အင်ဂျင်ပါဝါသေးသည့် ကားလေးများ အရောင်းအဝယ်အသင့် အတင့်ရှိနေကြောင်း သိရသည်။ မေလ လဆန်းပိုင်းကထုတ်ပြန်ခဲ့သည့် ယာဉ် တင်သွင်းမှု စနစ်သစ်အရ ၂၀၀၇ ခုနှစ် မိုဒယ်နှင့်အထက်ကားများ တင်သွင်း ခွင့်ပြုခြင်းအား အများပြည်သူ နှစ်ခြိုက် ကြသဖြင့် တစ်လမပြည့်မီ ကာလ အတွင်း ပြည်ပမှ လူစီးယာဉ်ငယ်တင် သွင်းထားမှုမှာ ၁၁၅၄ စီးရှိကြောင်း သိ ရသည်။ပြီးခဲ့သည့်နှစ် စက်တင်ဘာ ဒုတိယ ပတ်မှ စတင်ခဲ့သည့် ယာဉ်အို၊ ယာဉ် ဟောင်း အပ်နှံမှုမူဝါဒအရ ပြည်တွင်းသို့ တင်သွင်းခွင့်ပြုခဲ့သည့် လူစီးယာဉ်ငယ် မှာ ဇွန် ၅ ရက်အထိ ၄၄၁၁၅ စီးရှိ ကြောင်း သက်ဆိုင်ရာဌာန သတင်း ထုတ်ပြန်မှုအရ သိရှိရပြီး ဇွန် ၁၂ ရက် ထုတ် သတင်းစာများတွင် ပါရှိသော (န)နှင့်(ပ)အက္ခရာ ယာဉ်အို၊ ယာဉ် ဟောင်းများ အပ်နှံမှုပြီးစီးပါက သက် တမ်း အနှစ် ၂၀ ကျော် ယာဉ်ဟောင်း များအပ်နှံခြင်း ဆက်လက်ဆောင်ရွက် သွားမည့်သတင်းကြောင့် လက်ရှိယာဉ် အို/ဟောင်းပိုင်ရှင်များ အားတက်ဖွယ် ဖြစ်သော်လည်း သက်ဆိုင်ရာမှ အခွန် အခများ လျှော့ချပေးပါက မူဝါဒသစ် အရ ၂၀၀၇ ခုနှစ် မိုဒယ်နှင့်အထက် ကား တင်သွင်းသူများနှင့် အခွင့်အရေး တူညီသွားနိုင်သဖြင့် အများစုမှ အခွန် အခလျှော့ပေးရေး မျှော်လင့်နေကြ ကြောင်း သိရသည်။လတ်တလော ကားတင်သွင်းသူ များနှင့် ဝယ်ယူစီးနင်းသူများမှာ ၂၀၀၇ ခုနှစ် မိုဒယ်အထက် ကားလေးများသာ တင်သွင်းမှုများနေပြီး ပွဲစားတန်းတွင် ဝယ်ယူသူများမှာလည်း မိမိအမည် မပေါက်သော်လည်း ဈေးတန်းသက် သာပြီး စိတ်ကြိုက်ရွေးနိုင်သဖြင့် လည်း ကောင်း၊ ပွဲစထုတ်ရာတွင်လည်း ယခင် ကကဲ့သို့ ကြေးတန်းမများတော့ခြင်းတို့ ကြောင့် နောက်ပိုင်းဝိုင်းထဲတွင် ဝယ်ယူ မှုများရှိလာကြောင်း အပေါ်ဝိုင်း ဝါရင့် အကျိုးဆောင် ကိုမြင့်ကျော်မှ ပြော သည်။ရန်ကုန်မြို့တွင်းရှိ တရားဝင်ဖွင့် လှစ်ခွင့်ပြုထားသော ကားအရောင်းပြ ခန်းများမှာ ၇၀ ကျော် ၈၀ နီးပါးရှိနေ ပြီး အပြိုင်အဆိုင် ဈေးလျှော့ရောင်းချ လာကြသဖြင့် ရောင်းအားအနည်းငယ် ရှိနေပြီး ယခုလ ဒုတိယပတ်အတွင်း နာမည်ကြီးကားအရောင်းပြခန်းတစ်ခုမှ ဈေးတန်းများလျှော့ချကာ ကားပွဲစား တန်းများမှ ပေါက်ဈေးထက်လျှော့ကာ ကျပ်သိန်း ၂၀၀ နှင့် ကျပ်သိန်း ၂၀၀ အောက် မျက်မြင်လျှော့ချရောင်းချပေး နေသဖြင့် ကားအရောင်းပြခန်းများ အား လူအများ စိတ်ဝင်စားမှု ပိုလာ ကြောင်း သိရသည်။ SN
Background