စစ်ကိုင်းတိုင်း ဒေသကြီးရဲ့ အနောက်ခြမ်းကထွက်သမျှ ပဲမျိုးစုံဟာ မုံရွာကုန်စည်ဒိုင်ကို ဗဟိုပြုပြီး ပြည် တွင်းကုန်သည်တွေရှိရာ မြို့ကြီးများကို ထပ်ဆင့်စီးဆင်းခြင်းအားဖြင့် မုံရွာမြို့ ရဲ့ ကုန်စည်ပို့ဆောင်ရေး ကဏ္ဍဟာ တစ်စတစ်စ ကြီးမားကျယ်ပြန့်လာ လျက် ရှိပါတယ်။ အထူးသဖြင့် ပဲမျိုးစုံတွေကို ရန်ကုန် တင်ဖို့ မုံရွာကနေ ရန်ကုန်ထိ ကုန်စည် သယ်ရာလမ်းကြောင်း သုံးခုရှိပါတယ်။ မီးရထားလမ်းကြောင်းကတော့ တန် ဆာခ တစ်ပိဿာ ၄၅ ကျပ်ခန့်သာ ကျပြီး၊ ဈေးသက်သာပေမဲ့ ကုန်တွဲ ရောက်ရှိမှုအားနည်းလို့ ကုန်သည်တိုင်း အားပြုမရတာတွေ တွေ့ရပါတယ်။ ပုံမှန်လမ်းကြောင်းဖြစ်တဲ့ ကားလမ်း အနေနဲ့လည်း တင်ဆောင်မဲ့ကားနဲ့ အာဆီယံစံနှုန်း ကိုက်ညီချက်အရ တင်ဆောင်နိုင်မှုပမာဏပေါ် နှုန်းထား အနိမ့်အမြင့်မတူခြင်း၊ ကုန်ချိန်လျှော့ တင်ရတဲ့အတွက် ကုန်သည်တွေ ငှားရ တဲ့ ယာဉ်စီးရေများလာခြင်းတို့ကြောင့် ယခုအချိန်မှာ မုံရွာ-ရန်ကုန် တန်ဆာခ က တစ်ပိဿာ ၄၈ ကျပ်မှ ၅၂ ကျပ် ကြား ဈေးအေးသွားတာ တွေ့ရပါ တယ်။ ယခုတလော အနောက်တောင် မုတ်သုံလေတိုက်ခတ်မှု ကောင်းမွန်ခဲ့လို့ ချင်းတွင်းမြစ်ရေ အနည်းငယ်တိုးလာ ရာ ကုန်တင်ရေယာဉ်ကြီးတွေ မုံရွာ ဆိပ်ကမ်းကို ဝင်ရောက်လာနိုင်ပြီဖြစ် တာ တွေ့ရပါတယ်။ မုံရွာကုန်သည် တွေ အဓိကအသုံးပြုခဲ့တဲ့ မုံရွာ၊ မြင်းမူ၊ ရန်ကုန်ရေကြောင်းလိုင်းရဲ့ ကြားစခန်း ဖြစ်တဲ့ မြင်းမူဆိပ်ကမ်းက ပဲတင်တဲ့အခါ ခေါက်တိုခ၊ လုပ်သားရှားပါးမှုစတဲ့ အခက်အခဲတွေကြောင့် ငြီးငွေ့လာ ကြတဲ့ ကုန်သည်တွေအတွက် မြင်းမူ မြို့ရဲ့ ဆိပ်ကမ်းတင်ဆောင်နိုင်ဖို့ မြစ် ရေကို မျှော်လင့်ခဲ့ကြခြင်းဖြစ်ပါတယ်။မုံရွာကုန်ရုံကနေ မုံရွာဆိပ်ကမ်း အရောက် ပဲတစ်အိတ်ခေါက်တိုခ ၈၀ ကျပ်၊ လုပ်သားခ ၉၀ ကျပ်နဲ့ မုံရွာ-ရန်ကုန် ရေယာဉ်တန်ဆာခ တစ်ပိဿာ ၂၅ ကျပ်သာ ကုန်ကျလို့ အခုလိုမုံရွာ ဆိပ်ကမ်းက တင်ဆောင်ရတာကို ကုန် သည်တွေ နှစ်သက်ခြင်းဖြစ်တယ်လို့ ရေယာဉ်ကိုယ်စားလှယ်တစ်ဦးက ပြော ပါတယ်။ ဒါကြောင့် ချင်းတွင်းမြစ်ရေ တိုးလာခြင်းနဲ့အတူ ဝင်ရောက်လာတဲ့ ကုန်တင်ရေယာဉ်တွေအပေါ် မိမိရဲ့ ပဲအိတ်တွေ တင်ဆောင်နိုင်ဖို့ ဒေသခံ ကုန်သည်တွေ အားတက်သရော စိုင်း ပြင်းနေတာ မြင်တွေ့ရပါကြောင်း။ ထွန်းလှိုင်
Background