Main menu

Background

တစ်ပတ်အတွင်း ပြည်တွင်းအားကစားသတင်းတိုများ

Sun, 06/24/2012 - 06:42 -- Anonymous (not verified)

    ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ် (JFA)နှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့ပူးပေါင်းဆောင်ရွက်မှုအရ ဂျပန်နိုင်ငံ JFA Academy Fukuyama နည်းပြ နှစ်ဦးနှင့်ကစားသမားငါးဦးသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ လာရောက် လေ့လာခဲ့ကြောင်း သိရသည်။    မြန်မာ့လက်ရွေးစင်ယူ-၂၂အသင်း၏နောက်ခံလူဖြစ်သည့် ရတနာပုံအသင်း ၏ကစားသမား ဟိန်းသီဟဇော်သည်ခြေဖမိုး တွင်ဒဏ်ရာရရှိနေသည့်အတွက်   ထိုင်းနိုင်ငံသို့ သွားရောက်မည့်ခြေစမ်းခရီးစဉ်တွင် ပါဝင်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။    erke ကုမ္ပဏီသည် ရတနာပုံအသင်းအတွက် ပြိုင်ပွဲဝင်ဝတ်စုံအင်္ကျီနှစ်စုံ၊  လေ့ကျင့်ရေးဝတ်စုံများ၊ ဖိနပ်များ၊ ကစားသမားများအသုံးပြုရန်ခရီးဆောင် အိတ်များ၊ တာဝန်ရှိသူများဝတ်ဆင်ရန်အင်္ကျီများအစရှိသည်ကို ပံ့ပိုးကူညီ မည်ဖြစ်ရာ ရတနာပုံအသင်းမှလည်း ယင်းတို့အား ပံ့ပိုးကူညီသည့်ကုမ္ပဏီ အား erke ကုမ္ပဏီအမှတ်တံဆိပ်ကုန်ပစ္စည်းကြော်ငြာဆိုင်းဘုတ်ကို ဗထူး ကွင်းတွင်အခမဲ့ စိုက်ထူပေးသွားမည်ဖြစ်ကြောင်း သိရသည်။    ယူ-၂၂နောက်ခံလူ မကွေးအက်ဖ်စီအသင်း၏အသင်းခေါင်းဆောင် ဇော်မင်း ထွန်းက ၎င်းအနေဖြင့် ယူ-၂၂ပြိုင်ပွဲပြီးဆုံးပြီး လာမည့်ရာသီတွင် ရတနာပုံ (သို့မဟုတ်)ရန်ကုန်ယူနိုက်တက်သို့ ပြောင်းရွှေ့ချင်ကြောင်းနှင့်အသင်းပြောင်း ရွှေ့ခွင့်မရပါကကစားသမားဘဝမှအနားယူမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။    RHB Singapore Cup ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ကမ္ဘောဇအသင်းနှင့် လိုယိုလာအသင်းတို့၏ပွဲစဉ်များကို ဇူလိုင်လ ၅ရက်နှင့်၈ရက်နေ့တို့တွင် စင် ကာပူနိုင်ငံရှိ JBS  အားကစားကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း စင်ကာပူ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် MFF Women Cup 2012   ဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို  AFC U-22 ပြိုင်ပွဲဝင်အသင်းများအား လေ့ကျင့်ရေးကွင်းများလိုအပ်နေသဖြင့် MFF Women Cup 2012  ပွဲစဉ် ၁၀၊ ၁၁နှင့် ၁၂ တို့ကို ဇူလိုင်လ ၂၆၊ ၂၇နှင့် ၂၈ရက်နေ့တို့တွင်ပြောင်းလဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှကြေညာခဲ့သည်။