Main menu

Background

ဖြေလျှော့ပေးစေလိုတဲ့ ကုန်ပစ္စည်းများ စာရင်းပြုစုတင်ပြပေးရန်နဲ့ ပြောင်းလဲစေလိုသည်များကို တင်ပြပေးစေလို

Sun, 06/24/2012 - 06:43 -- Anonymous (not verified)

နယ်စပ်ကုန်သွယ်ရေးစခန်းအသီးသီးမှာ ကျင်းပပြုလုပ်တဲ့ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေး ဆွေးနွေးတင်ပြချက်အရ တရားမဝင်ကုန်သွယ်မှုများ ရှိနေတယ်လို့ အထက်ဌာနများက သုံးသပ်လျက် ရှိကြောင်း၊ တရားမဝင်မှ တရားဝင်ဖြစ်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်တိုင်းဒေသကြီးအစိုးရ အဖွဲ့များ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် အကြီးအကဲများ က ညွှန်ကြားထားတယ်လို့ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက မေ ၁၇ ရက် မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်း အစည်းအဝေးခန်းမမှာကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်း အဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ကုန်သည်လုပ်ငန်းရှင်များအနေနဲ့ ကြုံတွေ့နေရတဲ့ ကုန်သွယ်မှုအခက်အခဲများကို ဆွေးနွေးတင် ပြပေးစေလိုကြောင်း၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်များနဲ့ ညှိနှိုင်းဆွေးနွေးပြီး နည်းလမ်းပြန်လည် ရှာကြံကြမည်ဖြစ်ကြောင်း၊ ယခင်က လိုင်စင်ကြန့်ကြာမှုများကြောင့်ဟုဆိုသဖြင့် ယခုအခါမကြာမြင့်စေရန် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ အခွန်အခများကို ယခင်က ၁၀ ရာခိုင်နှုန်းကောက်ခံနေမှုအား ၂ ရာခိုင်နှုန်း သို့ လျှော့ချပေးလိုက်တဲ့အတွက် တရားမဝင်လမ်းကြောင်း ပေါ်မှ ကုန်ပစ္စည်းများ တရားဝင်လမ်းကြောင်းသို့ ဝင်ရောက်လာသဖြင့် ကုန်သွယ်မှုပမာဏမြင့်တက်လာခဲ့ တာကိုတွေ့ရကြောင်း စခန်းတာဝန်ခံက ရှင်းလင်းပြောကြား အသိပေး ခဲ့ပါတယ်။ ဒါပေမဲ့ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ သွပ်နန်းကြိုး၊ အိမ်ရိုက်သံကဲ့ သို့ ဆောက်လုပ်ရေးပစ္စည်းများ မှာ တရားဝင်ကုန်သွယ်မှုအတွင်းသို့ ဝင်ရောက်မလာသေးတာကို စိစစ်တွေ့ရှိရကြောင်း၊ ကုန်သည်လုပ် ငန်းရှင်များအနေနဲ့ ဖြေလျှော့ပေးစေလိုတဲ့ ကုန်ပစ္စည်းများစာရင်းနဲ့ အခြားပြောင်းလဲစေ လိုတာတွေရှိ လျှင် တင်ပြပေးကြရန်ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။လက်ရှိတင်ပို့နေတဲ့ ပဲပြောင်းနှမ်းကုန်ပစ္စည်းလိုင်စင်များ ချက်ချင်းထွက်သော်လည်း ကြေးနန်း တင်နေရေ သးကြောင်း၊ နိုင်ငံတော်အနေနဲ့ လယ်ယာထွက်ကုန်ပစ္စည်းများကို ပိုမိုတင်ပို့စေလိုတဲ့အတွက် အခွန်များလျှော့ပေါ့ပေးနေကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာမှာ မလိုအပ်တဲ့ကြန့်ကြာမှုများအား ဖြေလျှော့ ပေးစေလိုကြောင်း၊ စိုက်ပျိုးရေးသွင်းအားစုဖြစ်တဲ့ ဓာတ်မြေသြဇာများ တင်သွင်းကြတဲ့ကုမ္ပဏီများအနေနဲ့ Brand  ကို မှတ်ပုံတင်ထောက်ခံချက်ရယူရကြောင်း၊ ဥပမာအသုံးများ တဲ့ ရွှေတောင်တံဆိပ်ကဲ့သို့သော မြေသြဇာကို ကုမ္ပဏီအခု ၂၀ မှတင်သွင်းတဲ့အခါ ကုမ္ပဏီအလိုက် မှတ်ပုံတင်၊ ထောက်ခံချက် အကြိမ် ၂၀ လုပ်နေရကြောင်း၊ တရုတ်နိုင်ငံရဲ့လုပ်ထုံးလုပ်နည်းအရ ကုမ္ပဏီအသီးသီးမှာ တံဆိပ်ပေါင်းစုံ တင်သွင်း တဲ့အတွက် အကြိမ်ကြိမ်မှတ်ပုံတင်ရပါကြောင်း၊ ထိုကြောင့် မြန်မာဘက်မှာ တံဆိပ်တစ်မျိုးတည်းကို တစ်ကြိမ်သာ မှတ်ပုံ တင် ထောက်ခံချက်တောင်းတဲ့လုပ်ငန်းစဉ် ဖြစ်စေလိုကြောင်း၊ စက်ယန္တရားများ တင်သွင်းမှသာလုပ်ငန်းတွင် ကျယ်ပြီး ခေတ်မီ စွာနေထိုင်နိုင်မှာဖြစ်ကြောင်း၊ စက်ယန္တရားများဟာ တစ်ခုနဲ့ တစ်ခု  Brand  အမျိုးမျိုး၊ Specification  အမျိုးမျိုးဖြစ်ခြင်းကြောင့် Database  တွင် ဈေးနှုန်း ရှိ၊ မရှိ အခက်အခဲများဖြစ်ကြရကြောင်း၊ ကုမ္ပဏီအနေနဲ့ အာမခံပြီး လျှောက်ထားပါကခွင့်ပြုပေးစေ လိုကြောင်း၊ ယခင်က အခွန်အခကြီးမြင့်ခြင်းကြောင့် မှောင်ခိုဖြင့်သွားရကြောင်း၊ ယခုအခါ နိုင်ငံတော်မှအခွန်အခ များ လျှော့ချပေးထားပြီးဖြစ်လို့ ပုံမှန်လမ်းကြောင်းပေါ်ကို သွားချင်ကြပြီဖြစ်ကြောင်း၊ ဒါကြောင့် နိုင်ငံတော် ဘက်မှ တတ်နိုင်တဲ့ဘက်များကနေ ဖြေလျှော့ပေးရန် မူဆယ် ပဲ၊ ပြောင်း၊ နှမ်းနဲ့ လယ်ယာထွက်ကုန် ကုန်စည်ဒိုင်မှ တွဲဖက်အတွင်းရေးမှူး ဦးနိုင်ဝင်းဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။                  KK