Main menu

Background

တစ်ပတ်အတွင်း နိုင်ငံတကာအားကစားသတင်းတိုများ

Sun, 06/24/2012 - 06:42 -- Anonymous (not verified)

တရုတ်ဂေါက်သီးမယ် ရှန်းရှန်းဖန်သည် အမေရိကန်နိုင်ငံနယူးယောက်မြို့တွင်  ကျင်းပခဲ့သည့် LPGA  ချန်ပီယံရှစ်ဂေါက်သီး ရိုက်ပြိုင်ပွဲတွင် လေးရက်ပေါင်း ရိုက်ချက် ၂၈၂ချက်ဖြင့် စုစုပေါင်းရိုက်ချက်ထက် ၆ချက်လျော့ရိုက်ကာ အနိုင် ရဗိုလ်စွဲခဲ့သည့်အတွက် အဓိကပြိုင်ပွဲကြီးများတွင် ဗိုလ်စွဲခဲ့သည့် ပထမဆုံး တရုတ်နိုင်ငံသူဖြစ်လာခဲ့သည်။    ပြင်သစ်ကွင်းလယ်လူ နာဆရီက အင်္ဂလန်အသင်းနှင့်တစ်ဂိုးစီသရေကျသည့် ပွဲတွင် ၎င်းအနေဖြင့် ယင်းပွဲတွင် ချေပဂိုးသွင်းယူနိုင်ရေးအတွက် မန်စီတီး အသင်း၏ကစားဖော်ဖြစ်သည့် အင်္ဂလန်ဂိုးသမားဂျိုးဟတ်အား လိမ်လည် လှည့်စားကာ ဂိုးသွင်းယူခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။    အသင်းပရိသတ်များအတွက်ရောင်းချသည့် အီတလီလက်ရွေးစင်အသင်းဂျာစီ များတွင် အဆိပ်အတောက်ဖြစ်စေသည့် ဓာတုပစ္စည်းများ ပါဝင်နေသည်ဆို သော သတင်းများကို အားကစားအဝတ်အထည်ကုမ္ပဏီဖြစ်သည့်ပူးမားက ငြင်းဆိုလိုက်သည်။    ပိုလန်နိုင်ငံ ပေါ့ဇ်နန်မြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရန်ပွဲဖြစ်ပွားခဲ့သည့်ခရို အေးရှားပရိသတ်နှစ်ဦးအား ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၅၀၀ပေးဆောင် စေရန် အမိန့်ချမှတ်လိုက်သည်။    ယူအီးအက်ဖ်အေသည် ယူရို ၂၀၁၂အုပ်စုပွဲစဉ်များတွင် ဖြစ်ပွားခဲ့သည့်လူမျိုး ရေးခွဲခြားလှောင်ပြောင်မှုများအား စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်သည်။    ခြောက်သွေ့နေသော ဂျီဒန်ဆီကွင်းအားရေဖြန်းပေးရန်စပိန်အသင်း၏တောင်း ဆိုမှုကို အီတလီအသင်းအနေဖြင့် လက်မခံနိုင်ကြောင်း တုံ့ပြန်ပြောဆိုလိုက် သည်။    ယူကရိန်းနိုင်ငံ ဒီနီပရိုပီထရိုဗက်မြို့၌ ဓာတ်ရထားပေါ်တွင် ဖြစ်ပွားခဲ့သည့်  ပေါက်ကွဲမှုမှာ မတော်တဆဖြစ်ရပ်သာဖြစ်သည်ဟု ယူကရိန်းအစိုးရက ထုတ် ပြန်ကြေညာခဲ့သည်။    ပေါ်တူဂီနှင့်ဂျာမနီပွဲစဉ်တွင် ဂျာမနီပရိသတ်များသည် ကွင်းအတွင်းသို့ စက္ကူ လုံးများဖြင့် ပစ်ပေါက်ခဲ့သည့်အတွက် ယူအီးအက်ဖ်အေက ဂျာမနီအသင်း အား စွဲချက်တင်လိုက်ကြောင်း သိရသည်။