ကယားပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနနဲ့ မြန်မာ့လယ်ယာထွက် ကုန်ပစ္စည်းရောင်းဝယ်ရေးတို့ပူးပေါင်းပြီး ကယားပြည်နယ် လွိုင်ကော် ခရိုင်မှာ ပုလဲသွယ်စပ်မျိုးစပါးမျိုး စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်ရေး အတွက် စွန့်ဦးတီထွင်လုပ်ငန်း ရှင် တောင်သူကြီးများတို့ ၂၀၁၂ ခုနှစ် ဇွန် ၈ ရက် ၁၀ နာရီက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဆွေးနွေးရာမှာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီမှူး ဦးမျိုး ညွန့်က ပုလဲသွယ်စပ်မျိုးစပါးမျိုး ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး ရှင်းလင်း ရာမှာ ပုလဲသွယ်စပ်မျိုးစပါးမျိုး စိုက်ပျိုးထုတ်လုပ်ရန်အတွက် တစ် ဧကကို ငွေကျပ် ၅ သိန်းခန့် ကုန်ကျမှာဖြစ်ကြောင်း၊ စတင်စိုက် ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုး၊ နည်းပညာနဲ့ လိုအပ်သောကျွမ်းကျင်လုပ်သားများ အချိန်ပြည့်၊ ရာခိုင် နှုန်းပြည့် ပံ့ပိုးကူညီပေးသွားမှာဖြစ်ကြောင်း၊ စပ်မျိုးစပါးမျိုး ထွက်ရှိမှု အနေနဲ့ တစ်ဧကကို အနိမ့်ဆုံး ၂၀ တင်း (၆၃၀ ကီလို) အမြင့်ဆုံး ၄၀ တင်း (၁၂၆၀ ကီလို) ထွက်ရှိမှာဖြစ်ကြောင်း၊ စပ်မျိုးစပါးမျိုး တစ်ကီလိုကို ၃၀၀၀ ကျပ်ဈေးရှိတာကြောင့် အနိမ့်ဆုံး ၆၃၀ ကီလို အထွက်နှုန်းနဲ့ တွက်ချက်မယ်ဆိုရင် တစ်ဧကဝင်ငွေ ၁၈ သိန်းခန့် ရရှိမှာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ လယ်ယာထွက်ကုန်မှ လွိုင်ကော်ခရိုင် တာဝန်ခံက ပုလဲသွယ်ဆန်စပါးနဲ့ ပတ်သက်သော ဈေးနှုန်း၊ ဈေးကွက်နဲ့ ရိတ်သိမ်းချိန်လွန်နည်းပညာများကို ဆွေးနွေး ခဲ့ပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်တောင်သူကြီးများက ပုလဲသွယ်စပ်မျိုး စပါးမျိုး စိုက်ပျိုးထုတ်လုပ်မဲ့ ဧကစာရင်းကို အတည်ပြုမှတ်တမ်း တင်နိုင်ခဲ့ပြီး နေ့လယ် ၁ နာရီမှာ လွိုင်ကော်ခရိုင် TPIS တာဝန်ခံနဲ့ လွိုင်ကော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှူးတို့က အကျိုးဆောင် တောင်သူ ဦးအောင်ညွန့်နဲ့ ဦးအိုက်ဝင်းတို့ရဲ့ ပုလဲသွယ်စပ်မျိုးစပါးမျိုး စိုက်ပျိုးထုတ်လုပ်မဲ့ လယ်မြေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းနဲ့ လွိုင်ကော်ခရိုင်မှာ ပုလဲသွယ်စပ်မျိုးစပါးမျိုး ထုတ်လုပ်ခြင်းကို ၂၅ ဧက ဆောင်ရွက်မှာဖြစ်ပြီး၊ ထွက်ရှိလာတဲ့ စပ်မျိုးစပါးမျိုးကို ကယား ပြည်နယ်မှာ အဓိကဖြန့်ဖြူးရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။ မင်းအောင်
Background