လက်ကျန်နည်းလို့ ဈေးပိုရလာတဲ့ ရှမ်းမိုးအာလူး
ရှမ်းပြည်နယ်အတွင်းရှိ ဟဲဟိုးဒေသ၊ ပုန်းအင်းခြံ (တောင်ကြီးမြို့နယ်)နဲ့ နောင်တရား ဒေသတို့ဟာ အာလူး အများအပြား စိုက်ပျိုးထုတ်လုပ်ရာ ဒေသများဖြစ်ပါတယ်။ တောင်ကြီးမြို့ TPIS ရုံးခန်းမှ ဝန်ထမ်းများဟာ ဟဲဟိုးမြို့ရှိ အာလူးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့ (ဟဲဟိုး ဇုန်)ကို သွားရောက်ပြီး၊ ဟဲဟိုးဇုန်ဥက္ကဋ္ဌ ဦးအောင်သန်းကျော်နဲ့ တွေ့ဆုံပြီး ယခု နှစ် မေလလယ်မှ ဇွန်လလယ်အထိ အာလူးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချရတဲ့ အခြေအနေများ မေးမြန်းခဲ့ရာ ယခုနှစ် မိုးအာလူးမှာ ဟဲဟိုးဒေသမှ ပိဿာချိန် သိန်း ၅၀ ခန့်ထွက်ရှိပြီး ဈေးကွက်ရှိရာ ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ မော်လမြိုင်၊ အောင်ပန်းဒေသများကို ပိဿာချိန် သိန်း ၄၀ ခန့် တင်ပို့ရောင်း ချခဲ့တယ်လို့ သိရပါတယ်။ တောင်သူလက်ကျန် ပိဿာချိန် ၁၀ သိန်းခန့်ကျန်ရှိကြောင်း၊ ပုန်းအင်းခြံမှ အာလူးပိဿာချိန် သိန်း ၇၀ခန့် ထွက်ရှိ ပြီး၊ တောင်သူလက်ကျန် ပိဿာချိန် ၁၅ သိန်းခန့် ကျန်ရှိနိုင်ကြောင်း၊ နောင် တရားဒေသမှ အာလူးပိဿာချိန် ၈၀ ခန့်ထွက်ရှိပြီး၊ တောင်သူလက်ကျန် ပိဿာချိန် သိန်း ၂၀ ခန့်ရှိနိုင်ကြောင်း နဲ့ ရှမ်းပြည်နယ်တစ်ခုလုံးမှာ ပိဿာ ချိန် ၄၅ သိန်းခန့်သာ ကျန်ရှိနိုင်ကြောင်း သိရပါတယ်။ကုန်တင် မော်တော်ယာဉ်ကြီးများနဲ့ ဈေးကွက်ရှိရာ ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ မော်လမြိုင်ဒေသများကို အာလူးလှိုင် လှိုင်ပေါ်ချိန် တင်ပို့ရောင်းချစဉ်က တစ် ပိဿာ ၄၇၀ ကျပ်ဈေးနှုန်း ရရှိခဲ့ပြီး၊ ယခုလက်ကျန်နည်းပါးချိန်မှာ လှောင် လက်များ အဓိကအားဖြင့် အောင်ပန်း မြို့ရှိ အာလူးပွဲရုံများမှ တစ်ပိဿာ ၅၅၀ ကျပ်နှုန်းနဲ့ ဝယ်ယူလျက်ရှိပါတယ်။ ယခု ထွက်ရှိရောင်းချလျက်ရှိတဲ့ မိုးအာလူး မျိုးများမှာ ပွင့်ဖြူမျိုး၊ ဒေသမျိုးတို့ဖြစ် ကြပြီး၊ တစ်ပိဿာ ထုတ်လုပ်မှုကုန်ကျ စရိတ်မှာ ၄၅၀ ကျပ် ကုန်ကျခဲ့သဖြင့် တောင်သူများမှာ လှိုင်လှိုင်ပေါ်ချိန်မှာ တစ်ပိဿာ ၂၀ ကျပ်သာ အမြတ်ရရှိ နေရာမှ ယခုကုန်ဆုံးချိန်၊ လက်ကျန် နည်းပါးချိန်မှာ အာလူး တစ်ပိဿာ ၁၀၀ ကျပ်ခန့် အကျိုးအမြတ် ရရှိတာ ကြောင့် ရှမ်းပြည်နယ်ရှိ အာလူးစိုက်ပျိုး တင်ပို့ရောင်းချသူ တောင်သူများ အတွက် အကျိုးအမြတ် ရရှိနေတဲ့ သီးနှံတစ်ခုဖြစ်ကြောင်း သိရပါတယ်။အောင်ကျော်
