စွန့်ပစ်ပစ္စည်းများမှ အသုံးဝင်ပစ္စည်းများသို့
လူ့အသုံးအဆောင်တွေထဲကအခြား ပစ္စည်းများမှာ ရာသီဥတုဒဏ်၊ ပိုးမွှား ဒဏ်တို့ကြောင့် တဖြည်းဖြည်း လုံး၀ ပျက်စီးရပေမယ့် သံတိုသံစ၊ သံထည် ပစ္စည်း အဟောင်းတွေကတော့ သံချေး တက်၊ ညစ်ထေးရုံကလွဲပြီး၊ သက်တမ်း အတော်ခံနိုင်ရည်ရှိပါတယ်။ နို့ဆီခွက် ကအစ သံထည်ဘေးထွက်ပစ္စည်းများ၊ စက်ပစ္စည်းအဟောင်းများ၊ လူသုံးကုန်၊ သံထည်ပစ္စည်း အဟောင်းအမြေ့ အတို အစများဟာ ပခုက္ကူစက်မှုဇုန်ထဲက သံရည်ကျိုစက်တစ်စက်ရဲ့ ခြံဝန်းထဲမှာ အစုလိုက်၊ အပုံလိုက် အတော်မြင့်မြင့် နေရာယူထားတာ တွေ့ရပါတယ်။သံတိုသံစ ကုန်ကြမ်းတွေကို တစ် ပိဿာ ၄၀၀ ကျပ်မှ ၅၀၀ ကျပ်နဲ့ ဝယ် ယူပြီး၊ သံဖိုကြီး နှစ်ဖိုနဲ့ သံရည်ကျိုနေ တာတွေ့ရပါတယ်။ ကုန်ကြမ်းပိဿာ ချိန် ၆၀၀ ထည့်ကျိုမှ ကုန်ချောပိဿာ ၅၀၀ ခန့်ပြန်ရတယ်လို့ သိရပါတယ်။ ပထမတစ်စက်ကတော့ ကုန်ချောအနေ နဲ့ သုံးပေခန့်ရှည်တဲ့ ၁၀ ပိဿာ သံတုံး တွေပြုလုပ်ပါတယ်။ သံပင်ဆိုဒ်စုံလည်း နန်းဆွဲပြီး၊ သွင်းကုန်အစားထိုးတဲ့အနေနဲ့ ထုတ်လုပ်ရောင်းချပါတယ်။ တောင် သူသုံး နွားလှည်းဘီး သံပတ်ပြားများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး ကျင် တွယ်သံဖိနပ်များလည်း ထုတ်လုပ်ပါ တယ်။ ကုန်ချောများရဲ့ ဈေးကွက်က တော့ ပခုက္ကူနဲ့ မန္တလေး၊ မုံရွာတို့ဖြစ်ပါ တယ်။နောက်တစ်စက်ကတော့ သံတို သံစ စွန့်ပစ်ပစ္စည်းကနေ သံရည်ကျိုပြီး၊ သံပြားအဝိုင်းများ ပုံလောင်းထုတ်လုပ် ခြင်းဖြစ်ပါတယ်။ ထုအနေနဲ့ ငါးမူး၊ ခြောက်မူး၊ သုံးမတ်၊ တစ်လက်မ အစား အစားဖြစ်ပြီး ၈ဓ၊ ၉ဓ ၊ ၁ဒ အဝိုင်း ပြားများ ထုတ်လုပ်တာတွေ့ရပါတယ်။ ၆ မူးထုနဲ့ ၉ဓ အဝိုင်းတစ်ချပ်ကို ၅၀၀၀ ကျပ်နှုန်း၊ ၁ဓထု တစ်ပေအဝိုင်းတစ် ချပ်ကို ၁၀၀၀၀ ကျပ် ရောင်းတယ်လို့ သိရပါတယ်။ သံပြားအဝိုင်းတွေကို မြစ်ချောင်းများမှာ ရွှေရှာတဲ့ စက်တွေ မှာ အသုံးပြုတယ်လို့ သိရပါတယ်။ ခုတော့ မြစ်ချောင်းများအတွင်း ရွှေတူး ဖော်ခြင်းကို သက်ဆိုင်ရာက တားမြစ် ထားလို့ ကုန်ချောသံပြားအဝိုင်းများ အထပ်လိုက် ကျန်ရှိနေတာ တွေ့ခဲ့ရ ပါတယ်။နောက်ထပ် စွန့်ပစ်ပစ္စည်းကနေ လူသုံးကုန်ပြန်ပြီး ထုတ်လုပ်နေတဲ့ လုပ် ငန်းကတော့ ပခုက္ကူမြို့ရှိ ဖိနပ်ခုံတွေ ကနေ ဖိနပ်ပုံစံတွေ လှီးထုတ်ပြီး ကျန် တဲ့ နွားသားရေ၊ ကျွဲသားရေ၊ ဘေး သားအပိုင်းအစ၊ ဖြတ်စ၊ ညှပ်စတွေက နေ ဖိနပ်အောက်ခံပြား ပြန်ထုတ်တဲ့ လုပ်ငန်းပါ။ သားရေဖြတ်စ ဘေးထွက် တွေကို တစ်ပိဿာ ၃၀၀ ကျပ် - ၄၀၀ ကျပ်နဲ့ဝယ်။ အမှုန့်ကြိတ် ရေစိမ်၊ အုန်း ဆံဖတ်အစအနတွေနဲ့ရောပြီး၊ ရိုလာ ဒလိမ့်တုံးနဲ့ ကြိတ်လိုက်တဲ့အခါ သားရေ ဖိနပ်အတွင်းက ခံတဲ့သားရေပြား အတု ကို ရပါတယ်။သားရေပြားအထူ ၃'×၄' တစ်ချပ်ကို ၁၅၀၀ ကျပ်နဲ့ ပခုက္ကူက ဖိနပ်ခုံတွေကို ပြန်ရောင်းရတယ်လို့ ဆို ပါတယ်။ကျွန်တော်တို့ရဲ့ နိုင်ငံတော်ဟာ သဘာဝအရင်းအမြစ် ကုန်ကြမ်းတွေ အလျှံပယ် ပေါများရုံမက ခုလိုစွန့်ပစ် ပစ္စည်းများဖြစ်ကြတဲ့ သံတိုသံစ အဟောင်းများ၊ သားရေဖြတ်စ ညှပ်စ များကနေ အသုံးဝင်တဲ့ လူ့အသုံး အဆောင်ပစ္စည်းများ ပြန်လည်ထုတ် လုပ်နေကြောင်းကိုလည်း တင်ပြလိုက် ရပါတယ်။မောင်မောင်အေး
