Main menu

Background

တောင်ကိုရီးယား ကုမ္ပဏီကြီးများက အကျိုးအမြတ် ခွဲဝေခံစားဖို့ စီစဉ်

Sun, 06/24/2012 - 06:54 -- Anonymous (not verified)

        တောင်ကိုရီးယား နိုင်ငံမှာရှိတဲ့ ကုမ္ပဏီကြီး ၄၅ ခုတို့က စီမံကိန်းတချို့ ကို သူတို့ကုန်ပစ္စည်း အစိတ်အပိုင်း များ ပေးသွင်းနေသူတွေနဲ့ ပူးပေါင်းဆောင် ရွက်ပြီး ထွက်ရှိလာတဲ့ အကျိုးအမြတ် တွေကို မျှဝေခံစားကြဖို့ ဇွန် ၁၁ ရက်က သဘောတူညီထားကြောင်း အသိပညာ ဝန်ကြီးဌာနက ပြောကြားပါတယ်။ လာ မဲ့နှစ်မှာ  စီမံကိန်း ၁၀၇၃   ခုကို အကောင်အထည်ဖော်တဲ့အခါ သူတို့ ထံသို့  ကုန်ပစ္စည်းအစိတ်အပိုင်းတွေ ပေးသွင်းနေတဲ့ လုပ်ငန်းကလေးတွေနဲ့ ပူးပေါင်းေ ဆာင်ရွက်ဖို့   စီစဉ်ထား ကြောင်း  ဆမ်ဆောင်း၊   ဟွန်ဒိုင်း မော်တာ၊ အက်စ်ကေ တယ်လီကွန်နဲ့ အယ်ဂျီအီလက်ထရွန်းနစ် အပါအဝင် ကုမ္ပဏီကြီးများ  မိမိတို့သဘောဆန္ဒ အလျှောက် သဘောတူစာချုပ်သစ်တွေ နဲ့ဆောင်ရွက်တဲ့ အသေးစားလုပ်ငန်း အရေ အတွက်  ယခင်နှစ်ကနဲ့  နှိုင်း ယှဉ်ရင် ၇ ဆမှ ၈ ဆအထိ တိုးတက် လာပြီး ဒီလိုလုပ်ငန်းတွေနဲ့ ဆက်နွှယ် နေတဲ့စီမံကိန်းအရေ အတွက်က လေး ဆခန့်တိုးတက်လာပါတယ်။လုပ်ငန်းကြီး တွေနဲ့ အသေးစား စီးပွားရေးလုပ်ငန်း တွေ မျှဝေခံစားရေးဆိုင်ရာ အဖွဲ့က "အကျိုးအမြတ် မျှဝေခံစားရေး  ပူး ပေါင်းဆောင်ရွက်မှု'' ကို ကုမ္ပဏီလုပ် ငန်းစုကြီးတွေက  မိမိတို့သဘောဆန္ဒ အလျှောက် ဆောင်ရွက်ဖို့ ဖေဖော်ဝါ ရီလက ချမှတ်ခဲ့ပါတယ်။Source.koreaherald.com