လူမှုရေးပေါ်လစီဆိုင်ရာ ဗီယက်နမ်ဘဏ် ( VBSP )က ဗီယက်နမ်ဒေါင် ကိုးထရီလီယံ(ဒေါ်လာ ၄၃၂ သန်း)ကို လူမှုအဖွဲ့အစည်း အတွက်ဆောင်ရွက် ထားကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဆင်းရဲသားမိသားစုများနဲ့ ကျောင်း သားများနဲ့ ကျေးလက်ဒေသရှိ အများပြည်သူအထောက်အကူပြုလုပ်ငန်းများ ကို ဦးစားပေးထားကြောင်း ဘဏ်ရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ငုယင်ဒပ်ဟိုင် က ပြောပါတယ်။ ဆင်းရဲနွမ်းပါးသူများနဲ့ အခြားအကျိုးခံစားခွင့်ရှိသူများကို ချေးငွေများ ထုတ်ချေးနိုင်ရန်အတွက် VBSP ဘဏ်ကို ၂၀၀၂ ခုနှစ်က စတင် တည်ထောင်ခဲ့ပါတယ်။ အစိုးရရဲ့ လူမှုပေါ်လစီအရ ချေးငွေထုတ်ချေးရာမှာ အစိုးရရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ အတွက် ပြည်တွင်းပြည်ပရှိ အရင်း အမြစ် အမျိုးမျိုး စုစည်းဆောင်ရွက်ရာမှာ ထိရောက်တဲ့ လက်နက် ကိရိယာ တစ်ခုအဖြစ် VBSP ကိုသဘောထားခဲ့ပါတယ်။ အောက်ခြေအဆင့်ရှိ ကွန်ရက်တွေ၊ သင့်တော်တဲ့အခြေခံအဆောက် အအုံတွေနဲ့ အစိုးရနဲ့ ပုဂ္ဂလိကတို့ရဲ့ ပူးပေါင်းပါဝင်မှုတို့မှတစ်ဆင့် ဘဏ်က ဆင်းရဲသားတွေနဲ့ လူမှုပေါ်လစီအရ အကျိုးခံစားရသူတွေအတွက် ချေးငွေ တွေကို ထုတ်ချေးခဲ့ပါတယ်။ ထုတ်ချေးခဲ့တဲ့ငွေကြေးအနက် ဆင်းရဲသားအိမ် ထောင်စုတွေ အတွက် ဗီယက်နမ်ဒေါင် ၃ ဒသမ ၅ ထရီလီယံ (ဒေါ်လာ ၁၆၈ သန်း)၊ ကျောင်းသားများအတွက် ဗီယက်နမ်ဒေါင် ၃ ထရီလီယံ (ဒေါ် လာ ၁၄၄ သန်း) နဲ့ အခွင့်အလမ်းများနိမ့်ကျနေတဲ့ နယ်မြေများရှိ ထုတ်လုပ်ရေး နဲ့ ကုန်သွယ်ရေးလုပ်ငန်းများအတွက် ဗီယက်နမ်ဒေါင် ၇၇၈ ဘီလီယံ (ဒေါ်လာ ၃၇ ဒသမ ၃ သန်း) အသီးသီးအသုံးပြုမှာ ဖြစ်ပါတယ်။ ရေသန့်ဖြန့်ဖြူးရေးနဲ့ ကျေးလက်ဒေသ သန့်ရှင်းရေးအတွက် အနည်းဆုံး ဗီယက်နမ်ဒေါင် ၇၇၆ ဘီလီယံ နဲ့ အလုပ်အကိုင်ဖန်တီးရေးအတွက် ဗီယက်နမ် ဒေါင် ၃၃၉ ဘီလီယံအသုံးပြုဖို့ ရှိပါတယ်။ ချေးငွေအတွက် ယူတဲ့အတိုးနှုန်း တွေက ရေသန့်နဲ့သဘာဝပတ်ဝန်းကျင် စီမံကိန်းများအတွက် ၁၀ ရာခိုင်နှုန်း၊ ဆင်းရဲသားမိသားစုများနဲ့ ကျောင်းသားများရဲ့ အလုပ်အကိုင် ဖန်တီးရေး အတွက် ၇ ဒသမ ၈ ရာခိုင်နှုန်း အခွင့်အလမ်းနည်းပါး နေတဲ့ လူနည်းစုလူမျိုးရဲ့ နယ်မြေဒေသအတွက်ချေးငွေက ၃ ရာခိုင်နှုန်းမှ သုည ရာခိုင်နှုန်း ဖြစ်ပါတယ်။ လုပ်ငန်းဆောင်တာများကို ကိုးနှစ်ခန့်ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ သင့်တော် သော ရင်းနှီးမြှုပ်နှံမှုကြောင့် ချေးငွေများထုတ်ချေးမှုနဲ့ကြွေးမြီများပြန်လည် ကောက်ခံမှုများကို ချောမွေ့စွာ ဆောင်ရွက်နိုင် ခဲ့ပါတယ်။ အစိုးရရဲ့ လူမှု ပေါ်လစီအတွက် ဘဏ်ကအသုံးပြုသော ရင်းနှီးငွေများကို အစိုးရကထုတ်ေ၀ သော ဘွန်းစာချုပ်များမှ တစ်ဆင့် ရရှိခြင်းဖြစ်ပါတယ်။ Source.VNS
Background
