Main menu

Background

၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံက လေဆိပ်သစ် ၇၀ ဆောက်လုပ်မည်

Sun, 06/24/2012 - 06:57 -- Anonymous (not verified)

        စီးပွားရေး နှေးကွေးကျဆင်းနေပေမဲ့ လေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို  တိုးချဲ့ဖို့ ရည်ရွယ်ချက်နဲ့ လာမဲ့သုံးနှစ်အတွင်းမှာ တရုတ်နိုင်ငံက လေဆိပ် ၇၀ တည် ဆောက်မှာဖြစ်ကြောင်း တရုတ်နိုင်ငံမြို့ပြ လေကြောင်းစီမံခန့် ခွဲမှုအဖွဲ့  (CAAC)     ရဲ့ အကြီးအကဲ လီဂျားရှန်းက ဇွန် ၁၁ ရက်က ပြောပါတယ်။ တရုတ်နိုင်ငံ၏ လက်ရှိငါးနှစ်စီမံကိန်း ကာလ ဖြစ်သော ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အစီး ၃၀၀ ဝယ်ယူမှာ ဖြစ်ကြောင်း သိရပါတယ်။    "တရုတ်နိုင်ငံက နောက်နှစ်အနည်းငယ်အတွင်း လေ ဆိပ် ၇၀ ဆောက်လုပ်ပြီး လက်ရှိလေဆိပ် ၁၀၀ ကို တိုးချဲ့ သွားမှာ ဖြစ်ပါတယ်''လို့ ကမ္ဘာ့လေကြောင်းလိုင်းအုပ်စုဖြစ်တဲ့ IATA   ရဲ့ နှစ်ပတ်လည်အစည်းအဝေး ကျင်းပတဲ့ပေကျင်းမြို့ မှာ ကိုယ်စားလှယ်တွေကို သူက ပြောပါတယ်။    ၂၀၁၅ ခုနှစ်မှာ လေဆိပ်အရေအတွက် ၂၃၀ ကျော်ရှိမှာဖြစ်ကြောင်းနဲ့ အဲဒီအချိန်မှာလေယာဉ်စင်းရေက ၄၇၀၀ ထိရှိလာလိမ့်မယ်လို့ သူကပြောပါတယ်။ ကမ္ဘာ့ လေ ကြောင်းလိုင်းများ၏ အမြတ်အစွန်းက ရေနံဈေးနှုန်းတွေ မြင့် တက်တာနဲ့ ယူရိုဇုန် အကျပ်အတည်းကြောင့် ခေါက်ချိုး ကျဆင်းနိုင်ကြောင်း IATA အကြီးအကဲ တိုင်လာက ပြော ကြားပြီး နောက်ပိုင်းယခုကဲ့သို့ လုပ်ငန်းများကို အကြီး အကျယ်ချဲ့ထွင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ပတ်လည် အစည်း အဝေးပြီး နောက်ပိုင်း ထုတ်ပြန်ခဲ့သော IATA   စာရင်း ဇယားများအရ အာရှပစိဖိတ်ဒေသရှိ လေကြောင်းလိုင်း လုပ်ငန်းများရဲ့ အမြတ်အစွန်းသည် ၂၀၁၂ ခုနှစ်မှာ ဒေါ်လာ ၂ ဘီလီယံရှိမှာဖြစ်ကြောင်း သိရပါတယ်။ ဒါပေမဲ့ ဒီအမြတ် အစွန်းက ၂၀၁၁ ခုနှစ်ကရှိခဲ့တဲ့ အမြတ်အစွန်းရဲ့ ထက်ဝက်မျှ သာရှိတာကို တွေ့ရပါတယ်။    တရုတ်ဈေးကွက်မှာဖြစ်ပေါ်နိုင်မဲ့ အလားအလာကို အဖွဲ့က သီးခြားထုတ်ပြန်မှု မရှိခဲ့ပါဘူး။ ချမ်းသာကြွယ်၀ မှု တစ်စစတိုးတက်လာတဲ့ တရုတ်လူမျိုးတွေက ခရီးသွားလာတဲ့ အကြိမ်အရေအတွက်  များလာတဲ့အတွက် လေကြောင်း သွားလာမှုလုပ်ငန်းရဲ့ ဝယ်လိုအား မြင့်တက်လာတဲ့အတွက် တရုတ်နိုင်ငံရဲ့ လေကြောင်းသွားလာမှု လုပ်ငန်းဖွံ့ဖြိုးတိုးတက် လာခဲ့ပါတယ်။Source.AFP