Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Sun, 06/24/2012 - 06:58 -- Anonymous (not verified)

       ဇွန် ၁၇ ရက်မှာကျင်းပမဲ့ ဂရိရွေး ကောက်ပွဲရလဒ်ကြောင့် ဈေးကွက် က သောင်းကနင်းဖြစ်ပါက ဈေးကွက်တည် ငြိမ်အောင်နိုင်ငံအသီးသီးရှိ ဗဟိုဘဏ် တွေက ပေါင်းစပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့ ခြေလှမ်းပြင်လာကြတဲ့အတွက် ဇွန် ၁၅ ရက်မှာ အာရှထွန်းသစ်စ နိုင်ငံအများ စုရဲ့ ငွေကြေးတွေ တန်ဖိုးမြင့်တက်ခဲ့ပါ တယ်။ ဂရိရွေးကောက်ပွဲက ထွက်ပေါ် လာတဲ့ ရလဒ်က ဈေးကွက်ကသောင်း ကနင်းဖြစ်စေခဲ့ရင် ချေးငွေပြတ်လပ်မှု ကို ကာကွယ်ဖို့နဲ့  ငွေဖြစ်လွယ်မှုရှိ အောင် အဓိကနိုင်ငံကြီးတွေရဲ့ ဗဟို ဘဏ်တွေက  အသင့်ပြင်နေတယ်လို့ ဂျီ-၂၀ အရာရှိတွေက ရိုက်တာသတင်း ဌာနကို ပြောပါတယ်။    " လူအတော်များများက ဂရိရွေး ကောက်ပွဲကို အာရုံစိုက်နေကြပါတယ်။ ငွေဖြစ်လွယ်မှုရှိမရှိဆိုတာက အဲဒီအ ပေါ်မှာမူတည်နေပါတယ်။ ဒါပေမဲ့ ဒီအတွက်ကျွန်တော်ကတော့ စိတ်မ လှုပ်ရှားလှပါဘူး'' ဟု ဟောင်ကောင် ရှိ စကိုးရှားကက်ပီတယ်မှ အကြီးတန်း ငွေကြေးဆန်းစစ်ရေးမှူး ဆာဂျာတီဟန် ယီက ပြောပါတယ်။    ဇွန် ၁၄ ရက်ကထုတ်ပြန်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ဆိုင်ရာကိန်းဂဏန်းတွေအားနည်းနေ တာတွေ့ရပါတယ်။ ဒါကြောင့် အမေရိ ကန်ဗဟိုဘဏ်က စီးပွားရေးတွန်းအား ပေးအစီအစဉ်တွေလုပ်လိမ့်မယ်ဆိုတဲ့ မှန်းဆချက်တွေက အာရှငွေကြေးတွေ အတွက် အထောက်အပံ့ဖြစ်စေခဲ့ပါ တယ်။ ထွန်းသစ်စအာရှဈေးကွက်တွေ မှာ ဦးဆောင်နေတဲ့ငွေကြေးတွေက တော့ မလေးရှားရင်းဂစ်နဲ့ ပီဆိုတို့ဖြစ် ပါတယ်။ ရင်းဂစ်က သုည ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ပြီး တစ်ဒေါ်လာကို ၃ ဒသမ ၁၆၇၀ ရင်းဂစ်နဲ့ ပီဆိုက သုည ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၄၃ ဒသမ ၃၄ ပီဆို နှုန်းရှိခဲ့ပါတယ်။ တရုတ်ယွမ်    တရုတ်ငွေကြေးရဲ့ လှုပ်ရှားမှုက ကမ္ဘာ့ဈေးကွက်လှုပ်ရှားမှုတွေအပေါ်ကို တစ်စစ ရောင်ပြန်ဟပ်နေတဲ့အတွက် ယူရိုနဲ့ဒေါ်လာမဟုတ်တဲ့ ငွေကြေးတွေ ညတွင်းချင်းမြင့်တက်လာတာနဲ့အတူ ယွမ် ငွေကြေးတန်ဖိုးကလည်း ဇွန် ၁၅ ရက်ကမြင့်တက်လာခဲ့ပါတယ်။ဒေါ်လာ အညွန်းကိန်းက  ညတွင်းချင်း သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးနောက် ပိုင်းယွမ်တန်ဖိုးက ဇွန် ၁၄ ရက်ကရှိခဲ့ တဲ့ ဈေးနှုန်းထက် ၁ ဒသမ ၀၂ ယွမ် တိုးတက်ပြီး ဇွန် ၁၅ ရက်မှ တစ်ဒေါ် လာကို ၆ ဒသမ ၃၀၈၉ ယွမ်နှုန်းဗဟို ဘဏ်ကသတ်မှတ်ခဲ့ ပါတယ်။ ဒေါ်လာ ယွမ်ဖလှယ်နှုန်းက ဇွန် ၁၄ ရက်နေ့ ဈေးပိတ်ချိန်ကထက် သုည ဒသမ ၅၃ ယွမ်နှုန်းမြင့်တက်ပြီးတစ်ဒေါ်လာကို ၆ ဒသမ ၃၆၅၀ ယွမ်နှုန်းရှိခဲ့ပါတယ်။    တရုတ်နိုင်ငံခြားငွေကြီးကြပ်ရေး အဖွဲ့က ပင်လယ်ရပ်ခြားရှိဘဏ်တွေ ကနေ ပင်လယ်ရပ်ခြားဘဏ်ခွဲတွေကို ငွေလွဲှတဲ့အခါ သတ်မှတ်ထားတဲ့ ကန့် သတ်ချက်တွေကိုလျှော့ချကြောင်း ဇွန် ၁၅ ရက်နေ့ကကြေညာခဲ့ပါတယ်။ အိန္ဒိယရူပီး    အိန္ဒိယနိုင်ငံပြင်ပမှာ ဒေါ်လာရဲ့ တန်ဖိုးကယူရိုနဲ့ တခြားငွေကြေးနဲ့ဖလှယ်ရာမှာကျဆင်းခဲ့တဲ့အတွက် ဘဏ် အချင်းချင်းနိုင်ငံခြားငွေဖလှယ်ရေးဈေး ကွက်မှာ ဇွန် ၁၅ရက်မနက်ပိုင်းဈေး ကွက်မှာရူပီးတန်ဖိုးက သုည ဒသမ ၁၄ ရူပီးနှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၅၅ ဒသမ ၆၆ ရူပီးနှုန်းရှိခဲ့ပါတယ်။ ထို့ပြင် ဈေးအဖွင့်မှာပြည်တွင်းရှယ်ယာေ တွဈေး မြင့်တက်ခဲ့တာကလည်း ရူပီး တန်ဖိုးမြင့် တက်ဖို့အထောက်အပံ့ဖြစ်စေခဲ့ကြောင်း ဝယ်ရောင်းသမားတွေက ပြောပါတယ်။ ဂျပန်ယန်း    ရေတိုရင်းနှီးမြှုပ်နှံသူတွေက ဂရိ နိုင်ငံရွေးကောက်ပွဲအခြေအနေကိုစောင့် ကြည့်နေပြီး ဂျပန်ဗဟိုဘဏ်ကလည်း ထူးထူးခြားခြားမရှိသေးတဲ့ အခြေအနေ မှာရှိနေပါတယ်။ ဂျပန်ပို့ကုန်လုပ်ငန်း ရှင်များကငွေကြေးများကို ပေးချေရန် ရှိနေတဲ့အတွက် အာရှတွင် ဇွန် ၁၅ ရက်ကဒေါ်လာနဲ့  ယူရိုတန်ဖိုးများက ယန်းငွေနဲ့ ဖလှယ်ရာတွင် တန်ဖိုးကျ ဆင်းခဲ့ပါတယ်။    ယူရိုတန်ဖိုးက နယူးယောက်မှာ ဇွန် ၁၄ ရက်က ၁၀၀ ဒသမ ၂၆ ယန်း နှုန်းမှ ဇွန် ၁၅ ရက် ဂရင်းနစ်စံတော် ချိန် မနက် ၄ နာရီ ၅၀ မိနစ်တွင် ၉၉ ဒသမ ၈၃ ယန်းရှိခဲ့ပါတယ်။ ဒေါ်လာ/ ယန်းနှုန်းမှာ ၇၉ ဒသမ ၃၅ ယန်းနှုန်း မှ ၇၈ ဒသမ ၉၄ ယန်းနှုန်း ရှိခဲ့ပါတယ်။ ယူရို/ယန်းဖလှယ်နှုန်းမှာ ဇွန် ၁၄ ရက် တစ်ယူရို ၁ ဒသမ ၂၆၃၃ ဒေါ်လာနှုန်း မှ ဇွန် ၁၅ ရက်တွင် ၁ ဒသမ ၂၆၄၄ ဒေါ်လာနှုန်းသို့ ရောက်ရှိခဲ့ပါတယ်။ မလေးရှားရင်းဂစ်    မလေးရှားဈေးကွက်များအပေါ် ယုံကြည်မှုရှိလာတဲ့အတွက် မလေးရှား ပြည်တွင်းငွေကြေးရင်းဂစ်ကို ဝယ်ယူလို အား   ပိုမိုများပြားစေခဲ့ပါတယ်။ ဒါ ကြောင့် ဇွန် ၁၅ ရက်မနက်ပိုင်းမှာ ရင်းဂစ်တန်ဖိုးက ဒေါ်လာနဲ့ဖလှယ်ရာ မှာ တန်ဖိုးမြင့်တက်ခဲ့ကြောင်း ဝယ် ရောင်းသမားတွေကပြောပါတယ်။    ရင်းဂစ်တန်ဖိုးက ဇွန် ၁၄ ရက်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၁၈၄၅ ရင်း ဂစ်နှုန်းရှိခဲ့ရာမှာ ဇွန် ၁၅ ရက်မနက် ၉ နာရီ ၄၀ မိနစ်တွင် တစ်ဒေါ်လာကို ၃ ဒသမ ၁၇၄၅ ရင်းဂစ်နှုန်းရှိခဲ့ပါ တယ်။ စီးပွားရေးကိုထိန်းကွပ်မောင်းနှင် ဖို့အတွက် အမေရိကန်ပြည်ထောင်စု နဲ့ ဥရောပမူဝါဒရေးဆွဲသူတွေက နောက်ထပ်ဆောင်ရွက်လိမ့်မယ်လို့ ယုံ ကြည်တဲ့အတွက် ဈေးကွက် အပေါ် ယုံ ကြည်မှုတွေမြင့်တက်နေကြောင်း သူတို့ ကပြောပါတယ်။ တောင်ကိုရီးယားဝမ်    ကမ္ဘာ့စီးပွားရေးကျဆင်းနေတာ ကိုတိုက်ဖျက်ဖို့အတွက် ကမ္ဘာ့တစ်ဝန်း ရှိ ဗဟိုဘဏ်တွေက အရေးယူဆောင် ရွက်တော့မယ်ဆိုတဲ့ သတင်းတွေထွက် ပေါ်လာတဲ့အတွက် တောင်ကိုရီးယား ဝမ်တန်ဖိုးက မတ်လနောက်ပိုင်းရက် သတ္တပတ်အလိုက်တိုးတက်မှုအများဆုံး ဖြစ်ခဲ့ပေမဲ့ အစိုးရဘွန်းစာချုပ်တွေ တန်ဖိုးကျဆင်းခဲ့ပါတယ်။    ဘလွမ်းဘတ်က ပြုစုထားတဲ့စာ ရင်းဇယားတွေအရ မတ် ၂ ရက် မှာ ကုန်ဆုံးခဲ့တဲ့ ရက်သတ္တပတ် နောက် ပိုင်းတောင်ကိုရီးယားဝမ်တန်ဖိုးကအမြင့် ဆုံးဖြစ်ခဲ့ပါတယ်။ ဆိုးလ်မြို့မှာ ဝမ်ငွေ ကြေးတန်ဖိုးက ယခုရက်သတ္တပတ် အတွင်း သုည ဒသမ ၈ ရာခိုင်နှုန်းမြင့် တက်ပြီး တစ်ဒါ်လာကို ၁၁၁၆ ဒသမ ၇၅ ဝမ်နှုန်းရှိခဲ့ပါတယ်။ ထိုင်းဘတ်    အာရှစီးပွားရေးများက ဥရောပ ကြွေးမြီအကျပ်အတည်းကို ကြံ့ကြံ့ခံနိုင် မဲ့ အခြေအနေကို  အာမခံနိုင်ပြီဖြစ် ကြောင်း   ယခုရက်သတ္တပတ်အတွင်း ထုတ်ပြန်တဲ့စာရင်းများက ပြသလျက်ရှိ ပါတယ်။ ဒါကြောင့် ထိုင်းဘတ်ငွေတန် ဖိုးက ဒုတိယရက်သတ္တပတ်အဖြစ်တန် ဖိုးဆက်လက်မြင့်တက်ခဲ့ပါတယ်။    ဘလွမ်းကပြုစုထားတဲ့ စာရင်းဇ ယားများအရဘတ်ငွေတန်ဖိုးက ဘန် ကောက်မြို့မှာ ဇွန် ၁၄ ရက် မနက် ၈ နာရီမှာ ၅၁ မိနစ်မှာက ရက်သတ္တပတ် အလိုက် သုည ဒသမ ၆ ရာခိုင်နှုန်းနဲ့ နေ့အလိုက် သုည ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီးတစ်ဒေါ်လာ ကို ၃၁ ဒသမ ၅၁ ဘတ်နှုန်းရှိခဲ့ပါတယ်။ စောစောပိုင်း ကတစ်ဒေါ်လာကို ၃၁ဒသမ ၄၇ ဘတ် နှုန်းအထိဘတ်တန်ဖိုးမြင့်တက်ခဲ့ရာ ဇွန် ၁၁ ရက်နောက်ပိုင်း အခိုင်မာဆုံးအဆင့် ဖြစ်ခဲ့ပါတယ်။Sources.bloomberg, bernama, dowjones, PTL, reuters