Main menu

Background

စပိန်နိုင်ငံက အီးယူရဲ့ စတုတ္ထမြောက် ကယ်တင်ငွေ တောင်းခံတဲ့ နိုင်ငံဖြစ်လာ

Sun, 06/24/2012 - 07:00 -- Anonymous (not verified)

        စပိန်နိုင်ငံရဲ့ ဘဏ်တွေကို ကယ်တင်ဖို့အတွက် ယူရိုဘီလီယံ ၁၀၀ (ဒေါ်လာ ၁၂၅ ဘီလီယံ) ကို စပိန်နိုင်ငံက တောင်းခံခဲ့ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့နှစ်နှစ်က ဥရောပဒေသမှာကြွေးမြီအကျပ် အတည်း ဖြစ်ပေါ်ပြီးနောက် ပိုင်း ကြွေးမြီအကျပ် အတည်းဖြေရှင်းဖို့ အကူအညီတောင်းခံတဲ့ ယူရိုငွေကြေးသုံး အဖွဲ့ဝင်နိုင်ငံတွေမှာ စတုတ္ထမြောက် နိုင်ငံဖြစ်ခဲ့ပါ တယ်။    စပိန်ဘဏ်တွေကို မတည်ငွေဖြည့်ဆည်းပေးနိုင်ဖို့အတွက် ပြင်ပအကူအညီကို မယူဘူးဆိုတဲ့ သူ့ရဲ့အစီအစဉ် ကို ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီးတဲ့ နောက်ခုနှစ်လအကြာမှာစပိန်သမ္မတမာရီယာနိုရာဂျိုင်းက စွန့်လွှတ်ခဲ့ရပါတယ်။ ဘဏ်တွေရဲ့ ကြွေးဆုံးတွေက အစိုးရဘဏ္ဍာရေးလုပ်ငန်းတွေအပေါ် လွှမ်းမိုးလာမှာ ကိုစိုးရိမ်ခြင်းကြောင့် စပိန်နိုင်ငံရဲ့ ချေးငွေကုန် ကျစရိတ်က ယူရိုဧရိယာမှာ စံချိန်တင် နီးပါးဖြစ်နေတဲ့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက စပိန်ဘွန်းစာချုပ်တွေကို ပြန်လည်ပြီး ထုတ်ရောင်းလာကြပါတယ်။    ယခုဆောင်ရွက်မှုက ဇွန် ၁၇ ရက်မှာကျင်းပမဲ့  နောက်တစ်ချီ ဂရိရွေး ကောက်ပွဲကြောင့် ဈေးကွက်ကသောင်းကနင်းဖြစ်လာမှာကို စပိန်နိုင်ငံက အကာ အကွယ်ယူထားတဲ့ သဘောဖြစ်ပါတယ်။ လွန်ခဲ့တဲ့လက ဘဏ်ကီယာ အုပ်စုကို နိုင်ငံပိုင်သိမ်းကြောင်း အစိုးရကကြေညာပြီးတဲ့နောက် စပိန်နိုင်ငံရဲ့ ဘွန်းစာချုပ် တွေက တန်ဖိုးကျဆင်းခဲ့ပါတယ်။ မေ ၃၀ ရက်မှာ ဂရိဘွန်းစာချုပ်တွေရဲ့ အတိုး နှုန်းက ၆ ဒသမ ၇၈ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဇွန် ၈ ရက်မှာ ၆ ဒသမ ၂၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ကယ်တင်မှုချေးငွေတွေက ဈေးကွက်မှာဖြစ်ပေါ်နေတဲ့နှုန်းနဲ့စာရင် အလွန်သင့်တော်ကြောင်း စပိန်စီးပွားရေးဝန်ကြီး လူဝစ်ဒီဂွင်ဒိုက ပြောပါတယ်။Source.bloomberg.com