မြန်မာနိုင်ငံအားကန့်သတ်ချက် များကိုရုပ်သိမ်းရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ နှစ်ပတ်လည်ကွန်ဖရင့်မှာမဲပေးဆုံးဖြတ် ခဲ့ပါတယ်။ ဒါကြောင့် ILO အဖွဲ့ဝင်ဖြစ် ဖို့ နဲ့ ဥရောပသမဂ္ဂ (အီးယူ) ဈေးကွက် ကိုပို့တဲ့ မြန်မာနိုင်ငံပို့ကုန်အတွက် ဦး စားပေးအခွင့်အရေးကိုရရှိနိုင်တော့မှာ ဖြစ်ပါတယ်။ ဂျနီဗာမှာ ကျင်းပတဲ့ ILO အဖွဲ့ရဲ့ ပဏာမအစည်းအဝေးမှာ ဒေါ် အောင်ဆန်းစုကြည် မိန့်ခွန်းမပြောမီ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာ ဖြစ်ပါ တယ်။ ဒီဆုံးဖြတ်ချက်အရ အီးယူနဲ့ မြန်မာနိုင်ငံတို့ရဲ့ ကုန်သွယ်ရေးနဲ့ စီးပွား ရေးဆက်ဆံမှုမှာရှိနေတဲ့ အတားအဆီး တွေကိုဖယ်ရှားပေးခဲ့ပါတယ်။ ဧပြီလကုန်က ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွား ရေးပိတ်ဆို့မှုအတော်များများကို ယာ ယီရပ်ဆိုင်းပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အီးယူဈေးကွက်ကို ဖွံ့ဖြိုးဆဲနိုင် ငံတွေဝင်ရောက်နိုင်အောင်ပေးထားတဲ့ အထွေထွေဦးစားပေးစနစ် General System of Preference မှာ မြန်မာ နိုင်ငံကိုဆက်လက်ပြီးဖယ်ထုတ်ထားပါ တယ်။ အတင်းအဓမ္မလုပ်အားခိုင်းစေမှု တွေရှိတယ်။ အလုပ်သမားသမဂ္ဂတွေ ကိုပိတ်ပင်ထားတယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ ၁၉၉၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းကာလကစပြီး မြန်မာနိုင်ငံ အားကုန်သွယ်မှုအထူးအခွင့်အရေးတွေ ပေးထားတာကို ရုပ်သိမ်းခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့မှုကို ယာယီရပ် ဆိုင်းပေးတာက ကုန်သွယ်မှုကန့်သတ် ချက်တွေအပေါ် အကျိုးသက်ရောက် မှုမရှိခဲ့ပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံ ကအားထားနေရတဲ့ ပို့ကုန်ဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းတွေက အီးယူဈေး ကွက်မှာ ပြင်းပြင်းထန်ထန်အကျိုးဆုတ် ယုတ်မှုရှိခဲ့ပါတယ်။ အမေရိကန်ပြည် ထောင်စုကလည်း မြန်မာနိုင်ငံရဲ့သွင်း ကုန်တွေကို GSP အခွင့်အရေးတွေ ဖယ်ရှားပိတ်ပင်ခဲ့ပါတယ်။ ဇွန် ၁၆ ရက်ကဆုံးဖြတ်ချက်က မြန်မာနိုင်ငံအား ၁၃ နှစ်ကြာ ILO ရဲ့ ကန့်သတ်ချက်တွေကို အဆုံးသတ်စေ ခဲ့ပါတယ်။ ၂၀၁၂ မှာ အတင်းဓမ္မစေ ခိုင်းမှုကို ပယ်ဖျက်ပေးဖို့ရှေ့လုပ်ငန်းစဉ် ကို မတ်လကချမှတ်ပြီးနောက် ယခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။Sources.Ft.com
Background