Main menu

Background

ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ် ကုန်သွယ်မှု ယာယီရပ်ဆိုင်း

Sun, 06/24/2012 - 07:02 -- Anonymous (not verified)

        မြန်မာနိုင်ငံဘက်ရှိ မောင်တော လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် စခန်းများပိတ်ထားဆဲဖြစ်သဖြင့်အနည်း ဆုံးဘင်္ဂလားဒေ့ရှ် စီးပွားရေးလုပ်ငန်း သမားများအနည်းဆုံး၅၅ဦးမောင်တော မြို့နယ်အတွင်း ဇွန် ၈ ရက်ကစပြီး ပိတ် မိနေပါတယ်။    မောင်တောဒေသမှာ မငြိမ်မသက် ဖြစ်ပြီးနောက်ပိုင်းမြန်မာအာဏာပိုင် တို့ ကမောင်တောမှာ ညမထွက်ရ အမိန့် ထုတ်ပြီးနောက် နှစ်နိုင်ငံကုန်သွယ်မှု လုပ်ငန်းများ ယာယီရပ်ဆိုင်းခဲ့ရပါ တယ်။    ဇွန် ၈ ရက်နေ့ကစပြီး သက်တမ်း ရှိဗီဇာကိုင်ဆောင်ထားတဲ့စီးပွားရေးလုပ် ငန်းသမားများ မြန်မာနိုင်ငံအတွင်းရှိ မောင်တောနဲ့ ဘင်္ဂလားဒေ့ရှ်ရှိ တပ်ခ်နပ် တို့အကြားကူးသန်းသွားလာလို့ မရဘဲ ဖြစ်နေပါတယ်။ ဒီနယ်စပ်စခန်းနှစ်ခုက ဖြတ်ပြီးနယ်စပ်ကုန်သွယ်ေ ရးလုပ်ငန်း တွေဆောင်ရွက်နေတာ ဖြစ်ပါတယ်။    ဇွန် ၈ ရက်နေ့ကမြန်မာလူဝင်မှု ကြီးကြပ်ရေးအရာရှိတွေကမောင်တော ကိုသွားမဲ့ ဘင်္ဂလားဒေ့ရှ်စီးပွားရေးသမား ရှစ်ဦးပါတဲ့ လှေကိုပြန်လွှတ်လိုက် ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတပ်ခ်နပ်မှ ဘင်္ဂလားဒေ့ရှ်လူဝင်မှုကြီးကြပ်ရေးအရာ ရှိ အဗ္ဗဒူခေဒါကပြောပါတယ်။ သူတို့က မောင်တောကိုသွားပြီး နယ်စပ်ကုန် ပစ္စည်းတွေရောင်းဝယ်ဖို့အတွက် သွား လာတာဖြစ်ပါတယ်။    ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထဲကို အလုံးအရင်းနဲ့ဝင်လာမှာကို စိုး ရိမ်တဲ့အတွက် မြန်မာနိုင်ငံအတွင်း မောင်တောဒေသမှာ မငြိမ်မသက်မှုဖြစ် ပွားပြီးနောက် မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်မှာ ကင်းလှည့်တာ တွေကို ဇွန် ၉ ရက်က တိုးမြှင့်ပေးခဲ့ပါ တယ်။Sources.newagebd.com