ထိုင်းနိုင်ငံ စပါးအပေါင်ခံအစီအစဉ်ကြောင့် ဈေးနှုန်းကြီးမြင့်မှုအရ ထိုင်းဆန်တင်ပို့သူများ ကမ္ဘောဒီးယားမှာ လုပ်ငန်းချဲ့ထွင်လာ
ထိုင်းနိုင်ငံရဲ့ ဆန်စပါးအပေါင်ခံအစီအစဉ်ကြောင့် နိုင်ငံ တကာဈေးကွက်မှာ ထိုင်းဆန်များယှဉ်ပြိုင်နိုင်ခြင်း မရှိတော့လို့ ထိုင်းဆန်တင်ပို့သူများဟာ ဆန်တင်ပို့နိုင်ရေး အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံမှာ လုပ်ငန်းချဲ့ထွင်လာကြပါတယ်။ အစိုးရ က တောင်သူတွေကို ဈေးမြင့်ပေးပြီး စပါးဝယ်ယူတဲ့ အတွက် ထိုင်းဆန်တင်ပို့သူတွေအနေနဲ့ ထိုင်းဆန်ကို များများ ဝယ်ယူ ဖို့ရော၊ ရောင်းချဖို့ရော မလုပ်နိုင်ဖြစ်လာကြတယ်လို့ ဆန် တင်ပို့သူများက ဆိုပါတယ်။ အပေါင်ခံအစီအစဉ်ကို ၂၀၁၃ တိုင် ဆက်လက် လုပ် ဆောင်နေမှာဖြစ်ပြီး၊ လက်ရှိဝယ်လက်ဈေးကွက် အတွင်းကို ထိုင်းဆန်တွေရောင်းချဖို့ အလျင်မလိုဘူးလို့ ထိုင်းအစိုးရက ဆိုပါတယ်။ ဒါပေမဲ့ အစိုးရက ချမှတ်ထားတဲ့ စောင့်ကြည့် မူဝါဒကို ထိုင်းဆန်တင်ပို့သူများ မပါဝင်ကြဘူးလို့ ဆိုပါတယ်။ အဲဒီ အစားဆန်တင်ပို့သူများ အနေနဲ့ ဆန်ဈေးချိုတဲ့ ကမ္ဘော ဒီးယားနိုင်ငံရဲ့ဆန်ကြိတ်ခွဲမှုလုပ်ငန်းတွေမှာ အကျိုးအမြတ်ရဖို့ ကြိုးစားနေကြတယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံက ၎င်းတို့ရဲ့ဆန်အရည်အသွေးကို ထိုင်းနဲ့ဗီယက်နမ်ဆန်တွေထက်ပင် ပိုသာအောင် မြှင့်တင်ပေမဲ့ နိုင်ငံအတွင်းမှာရှိတဲ့ ဆန်စက်နဲ့ပြုပြင်ထုတ်လုပ်တဲ့ အဆောက် အဦများကတော့ ထိုင်းနဲ့ဗီယက်နမ် တို့ထက် နောက်ကျ ကျန် နေသေးတယ်လို့သိရပါတယ်။ ထိပ်တန်း ပုဂ္ဂလိကဆန် တင်ပို့သူများထဲမှ တစ်ဦးမှာ ကမ္ဘောဒီးယားနိုင်ငံမှာ ဆန်စက် တစ်လုံးတည်ဆောက်နေပြီဖြစ်ပြီး၊ လာမယ့်နှစ်မှာ ၎င်းစက်မှ ဆန်များကို စတင် တင်ပို့နိုင်တော့မှာ ဖြစ်ပါတယ်။ အများစုကို ဥရောပနိုင်ငံကို တင်ပို့မယ်လို့သိရပါတယ်။ ယင်းဆန်စက်အသစ်မှ ၂၀၁၃ မှာ ဆန်တန်ချိန် တစ်သန်းခန့် ထုတ်လုပ်မယ်လို့ ဆန်တင်ပို့သူများမှဆိုပါ တယ်။ ၎င်းတို့အနေနဲ့ ကမ္ဘောဒီးယားဆန်ကို အခွန်ကင်းလွတ် ခွင့်ပြုထားတဲ့ အီးယူအတွင်း ဈေးကွက်ရှာဖွေဖို့ မျှော်လင့် ထားကြောင်းလည်း ပြောကြားပါတယ်။လမင်းSource: oryza.com
