ဗီယက်နမ်မှ ဆန်တန်ချိန် ၁၀၀၀၀၀ တင်သွင်းသည့် ဖိလစ်ပိုင်
ဗီယက်နမ်တောင်ပိုင်း ကောက်ပဲသီးနှံကော်ပိုရေးရှင်း (Vina Food Z) က ဆန်တစ်တန်ကို အမေရိကန် ဒေါ်လာ ၄၀၀ နဲ့ ဖိလစ်ပိုင်နိုင်ငံကို တန်ချိန် ၁၀၀၀၀၀ တင်ပို့ဖို့ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။ ဗီယက်နမ် သတင်းဌာန ကိုယ်စားလှယ်ရဲ့ အစီရင်ခံစာအရ ယခုလနောက်ပိုင်းမှာ အများစုကို သင်္ဘောနဲ့ တင်ပို့နိုင်ဖို့ မျှော်မှန်းထားကြောင်း ဖော်ပြထားပါတယ်။ ဗီယက်နမ်တောင်ပိုင်း ကောက်ပဲသီးနှံကော်ပိုရေးရှင်းက ယခုနှစ်ပို့ကုန်တန်ချိန် ၅၀၀၀၀၀ တင်ပို့ဖို့ နိုင်ငံတော်အနေနဲ့ စီမံထားရာ နောက်ထပ်တန်ချိန် ၂၀၀၀၀ တင်ပို့ရေး စာချုပ်ချုပ်ဆိုဖို့ မျှော်လင့်နေပါတယ်။ နှစ်နိုင်ငံအစိုးရသဘောတူညီချက်တွေအရ ဗီယက်နိုင်ငံမှ ဆန်တွေကို ဖိလစ်ပိုင်ကို စာချုပ်ပါအတိုင်းပုံမှန် တင်ပို့လျက်ရှိပါ တယ်။ ဒါပေမဲ့ ဈေးနှုန်းယှဉ်ပြိုင်နိုင်ဖို့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ကိုယ်တိုင်ဈေးကွက်ရှာဖွေဖို့ ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။ အစိုးရရဲ့ စာချုပ်ချုပ်ဆိုမှုမူဝါဒကို လွန်ခဲ့တဲ့ (၂)နှစ်ကျော်ကတည်းက ပြောင်းလဲခဲ့ပြီးဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံအနေနဲ့ မေလမှာ တန်ချိန် ၇၈၈၂၉၆ တင်ပို့ခဲ့ပြီး ၂၀၁၀ ခုနှစ် ဇန်နဝါရီ နောက်ပိုင်း အမြင့်မားဆုံး တင်ပို့ နိုင်ခဲ့တဲ့လလည်း ဖြစ်တယ်။ ဗီယက်နမ်ရဲ့ ဆန်တင်ပို့မှုမှာ ယခုနှစ် ပထမ(၅)လအတွင်းတန် ၂ ဒသမ ၅ သန်းအထိ တင်ပို့ ခဲ့ပြီးလည်းဖြစ်တယ်။ပပ၊ Source: internet
