ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခုတစ်ပတ်အတွင်း တန် တစ်သောင်းအောက်ကို လျော့ကျလာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၂၀၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဇွန် ၁၁-၁၅ ရက်) အတွင်းမှာ တန်ချိန် ၉၁၀၀ ကျော်သာ တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ယခင်သီတင်းပတ်များက ပြည်ပ အဝယ်လျော့ကျတဲ့အတွက် ယခုသီတင်းပတ်တွေမှာ တင်ပို့မှုကျဆင်း လာတာ ဖြစ်ပါ တယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ဇွန် ၁၅ ရက်အထိမတ်ပဲစုစုပေါင်း တင်ပို့ ပြီးစီးမှုမှာ တန်ချိန် ၁၅၇၀၀၀ ကျော်ရှိပြီး ကန်ဒေါ်လာ ၈၅ သန်း ကျော်ဝင်ငွေ ရရှိကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၅၄၀၀၀ ကျော် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁၄၀ သန်းကျော်ရရှိလို့ ယခုနှစ်ကာလတူမှာ ပမာဏ အနည်းငယ် ပိုမိုပေမဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၅၅ သန်းကျော်လျော့ကျကြောင်း သိရပါတယ်။ လက်ရှိရောင်းဝယ်မှုအရ လာမယ့်သီတင်းပတ်တွေမှာတော့ တင်ပို့မှု ပုံမှန်ဖြစ် လာနိုင်ကြောင်း ခန့်မှန်းရပါတယ်။ MIRT - MAPT
Background