Main menu

Background

ယခုတစ်ပတ် အိန္ဒိယဈေးကွက်မှာ မတ်ပဲဈေးအနည်းငယ်တိုး

Sun, 06/24/2012 - 07:57 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခင်တစ်ပတ်က မတ်ပဲဈေးအနည်းငယ် လျော့လာရာမှ ယခုတစ်ပတ်မှာ အဝယ်ပြန်လိုက်လာလို့ ဈေးအနည်းငယ် တိုးလာ ခဲ့ပါတယ်။ ပဲထုတ်လုပ်ရာဒေသမှ ပဲအဝင်နည်းပေမဲ့ လက်လီ ဈေးကွက်မှာ ဝယ်လို အားတက်တာကြောင့် လက်ကားဈေးများ မြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါ တယ်။ အိန္ဒိယအချို့ဒေသတွေမှာ ရာသီ ဥတု ခြောက်သွေ့နေဆဲဖြစ်လို့ ပဲစိုက် ပျိုးမှုမှာလည်း နှေးကွေးနေတယ်လို့ သိရပါတယ်။ အင်ဒရာပရာဒေ့ရှ်ပြည်နယ်မှာ မတ်ပဲစိုက်ပျိုးပြီးစီးမှုက ဟက်တာ ၁၀၀၀ ခန့်သာရှိလို့ ယခင်နှစ်ကာလတူနဲ့ ယှဉ်ရင် ၆၆ ဒသမ ၆ ရာခိုင်နှုန်းလျော့ကျတယ်လို့ သိရပါတယ်။ တမီလ်နာဒူးပြည်သူ ရောင်းချရေးကော်ပိုရေးရှင်း (TNSC)မှ မတ်ပဲခွဲခြမ်းတန် တစ်သောင်းဝယ်ယူဖို့ တင်ဒါခေါ်ယူထားတဲ့အတွက် မတ်ပဲဈေးကောင်းနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-    ဒေါ်လာ/ တန်                              ၂၁-၆-၁၂    ၂၀-၆-၁၂    ၁၉-၆-၁၂    ၁၈-၆-၁၂မွန်ဘိုင်း(မြန်မာမတ်ပဲ)    ၅၇၂            ၅၇၃            ၅၆၇        ၅၇၁အင်ဒိုရီ                        ၅၉၄            ၅၉၁           ၅၈၉        ၅၉၄ချန်နိုင်း                        ၅၈၉           ၅၉၁            ၅၈၉        ၅၉၄MIRT(MAPT)