Main menu

Background

ရန်ကုန် FOB ဈေးကွက်မှာ မတ်ပဲရောင်းဝယ်မှု အားပြန်ကောင်းလာ

Sun, 06/24/2012 - 07:49 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် မတ်ပဲရောင်းဝယ်မှု အားပြန်ကောင်းလာခဲ့ပါတယ်။ အိန္ဒိယဝယ်လက် အဝယ်ပြန်လိုက်လာတဲ့အတွက် ဈေးကွက်မှာ အရောင်းအဝယ်သွက်နေပါတယ်။ ဒါပေမဲ့ အိန္ဒိယ ရူပီးဈေးက ဆက်လက်နိမ့်ကျနေတာကြောင့် မတ်ပဲဈေးက တက် သင့်သလောက် များများမတက်ဘူးလို့ သိရပါတယ်။ ဇွန် ၁၅ ရက်မှ ၂၁ ရက်အတွင်း မတ်ပဲ SQ ၊ FAQ အခွံချွတ် စုစုပေါင်း တန်ချိန် ၂၅၀၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲ SQ မှာ အရည်အသွေးကြောင့်အပြင် ဈေးနှုန်းကွာဟမှုများတာကြောင့် FAQ များသာ အရောင်းအဝယ်များသလို မတ်ပဲ FOB ဈေးမှာလည်း FAQ  တစ်မျိုးသာ ပိုကြောင်းသိရပါတယ်။     ဇွန် ၂၂ ရက်မတ်ပဲ FOB ဈေးများအနေနဲ့ မတ်ပဲအသစ် SQ တစ်တန် ကန်ဒေါ်လာ ၅၅၀-၅၇၀၊ မတ်ပဲအဟောင်း FAQ တစ်တန် ကန်ဒေါ်လာ ၄၈၀-၅၀၀ ၊ SQ တစ်တန် ကန်ဒေါ်လာ ၅၁၀-၅၃၀ နဲ့ ယခင်သီတင်းပတ်တွေလိုဘဲ ငြိမ်နေပေမဲ့ မတ်ပဲအသစ် FAQ  မှာ ယခင်တစ်ပတ်က ကန်ဒေါ်လာ ၄၉၅-၅၁၅ ရှိရာမှ ယခုတစ်ပတ်မှာတော့ ကန်ဒေါ်လာ ၅၀၀-၅၂၀ ကို တိုးလာကြောင်း သိရပါ တယ်။                                                                                 MIRT - MAPT