Main menu

Background

ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံ အဝယ်သွက်လို့ ဈေးမြင့်လာ

Sun, 06/24/2012 - 08:02 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် ပဲစင်းငုံကို ပြည်ပဝယ်လက်အဝယ်သွက်နေတယ်လို့ သိရပါတယ်။ ပြည်ပ ဝယ်လက်အဝယ်သွက်လျက်ရှိလာတဲ့အတွက် တချို့ကုန်သည်များက လက်ကျန် နည်းလာပြီဖြစ် သလို ဈေးပိုမိုလာ မယ့် ခန့်မှန်းချက်အရ ရောင်းချမှုနည်းလာတယ်လို့ သိရပါတယ်။ အိန္ဒိယပြည်တွင်းမှာ ပဲစင်းငုံလက်ကျန်နည်းနေပြီး တင်ဒါခေါ်ယူမှုများ လည်းရှိလို့ ပြည်ပဝယ်လက် အဝယ်သွက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။    ဇွန် ၁၅ ရက်မှ ၂၁ ရက်အတွင်း ပဲစင်းငုံဖြူနီ၊ အဖြူ တန်ချိန် ၁၂၀၀၀ ခန့် အရောင်းအဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။ အဝယ်တက်လာတာကြောင့် ပဲစင်းငုံနီအသစ်ရော အဟောင်းပါ  FOB ဈေးမြင့်တက်လာခဲ့ပါတယ်။                                                     ဒေါ်လာ/တန်                       ပဲစင်းငုံအသစ်           ပဲစင်းငုံအဟောင်း                     အနီ            အဖြူ         အနီ         အဖြူ၂၂-၆-၁၂    ၆၀၀-၆၂၀    ၅၁၀-၅၃၀    ၅၆၀-၅၈၀    ၄၄၀-၄၆၀၁၅-၆-၁၂    ၅၈၀-၆၀၀    ၄၉၀-၅၁၀    ၅၄၀-၅၆၀    ၄၂၀-၄၄၀MIRT(MAPT)