Main menu

Background

မြင်းခြံဇုန် ပဲစင်းငုံဈေးကွက်

Sun, 06/24/2012 - 08:09 -- Anonymous (not verified)

    မြင်းခြံခရိုင်မှာ ပဲစင်းငုံကို အဓိကထား စိုက်ပျိုးခဲ့ရာမှ စိုက်ဧကပေါင်း ၂၈၀၀၀၀ ဧက စိုက်ပျိုးဖို့ လျာထားတဲ့အနက် ၁၁၅၆၀၀ ဧက စိုက်ပြီးခဲ့ပါပြီ။ ဒီလအကုန်မှာ အားလုံးစိုက်ပြီးမယ်လို့ တောင်သူများက ဆိုပါတယ်။ ပဲစင်းငုံဈေး မှာလည်း ယခင်လ ထက် ဈေးအနည်းငယ်မြင့်လာပါတယ်။ ယခင်လက တစ်ပိဿာ ၇၀၀ ကျပ်၊ ယခုလမှာ ၇၃၀ ကျပ် ဈေးရှိလာပါတယ်။ တောင်သူရဲ့သဘာဝက သီးနှံပေါ်ပေါ် ခြင်း ရောင်းတဲ့ ဓလေ့ကြောင့် တောင်သူလက်ကျန် မရှိတော့ဘဲ ကုန်သည်များထံမှာ သာ လက်ကျန်ရှိနေပါသေးတယ်။ ကုန်သည် များမှာလည်း ငွေကြေးအင်အား တောင့်တဲ့ကုန်သည်များထံမှပဲ ပဲစင်းငုံတွေက နောက်ဆုံးစုမိနေတယ်။ အဲဒီကုန်သည် ကြီးများထံမှ ရန်ကုန်ကုမ္ပဏီများမှ တိုက်ရိုက်ဝယ်ယူကြပါတယ်။ လောလောဆယ် ကုန်သည်ကြီး များထံမှ ပဲစင်းငုံလက်ကျန်တန်ချိန် ၃၀၀၀ ကျော်ရှိနေပါသေးတယ်လို့ ကုန်သည်တစ်ဦးကပြောပါတယ်။တင်ဇော်ထွေး