Main menu

Background

ပဲလွန်းဖြူ တင်ပို့မှုရော ရောင်းဝယ်မှုပါ လျော့လာ

Sun, 06/24/2012 - 08:14 -- Anonymous (not verified)

    ပြည်တွင်းဈေးကွက်တွေမှာ လက် ကျန်နည်းလာပြီဖြစ်တဲ့ ပဲလွန်းဖြူကို တင်ပို့မှုရော ရောင်းဝယ်မှုပါ လျော့လာ တာ တွေ့ရပါတယ်။ ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းက ပဲလွန်းဖြူတန် ချိန် ၇၀၀ တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (ဇွန် ၁၁-၁၅ ရက်) အတွင်းမှာ တန် ၆၀၀ ကျော်ကို ထပ်မံလျော့ကျ တင်ပို့ ခဲ့ပါတယ်။ ဇွန်လ ၁၅ ရက်အထိ ၂၀၁၂-၁၂ဘဏ္ဍာနှစ်အတွင်း ပဲလွန်းဖြူ တင်ပို့မှုမှာ တန်ချိန် ၁၂၈၀၀ ခန့်ရှိပြီး ကန်ဒေါ်လာ ၉ သန်း ကျော်ရရှိ ကြောင်းသိရပါတယ်။ ယခင်နှစ် ကာလ တူမှာ တန်ချိန် ၉၆၀၀ ခန့် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၈ ဒသမ ၆ သန်းကျော်ရရှိ ခဲ့လို့ ယခုနှစ်ကာလတူမှာ တန်ချိန် ၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။     ရန်ကုန် FOB ဈေးကွက်မှာလည်း လက်ကျန် ပဲလွန်းဖြူများ အရောင်း အဝယ်ပြုလျက်ရှိရာ ဇွန် ၁၅ ရက်မှ ၂၁ ရက် အတွင်းမှာ တန်ချိန် ၆၉၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ လက်ကျန်နည်းပြီး ပြည်ပ အဝယ်ရှိပေမဲ့ ရန်ကုန် FOB ဈေးမှာ ပြောင်းလဲခြင်းမရှိကြောင်း သိရပါ တယ်။ ဇွန် ၂၂ ရက်မှာ ပဲလွန်းဖြူ FAQ တစ်တန် ကန်ဒေါ်လာ ၆၆၀-၆၈၀ ရှိပြီး SQ မှာ ကန်ဒေါ်လာ ၇၉၀-၈၁၀ ရှိ ကြောင်း သိရပါတယ်။MIRT - MAPT