Main menu

Background

ရန်ကုန် FOB ဈေးကွက်မှာ ပဲတီစိမ်း အရောင်းအဝယ်နည်း

Sun, 06/24/2012 - 08:23 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲတီစိမ်းအရောင်းအဝယ် နည်းပါးလျက်ရှိပါတယ်။ ဇွန် ၁၅ ရက်မှ ၂၁ ရက်အထိ တစ်ပတ်အတွင်းမှာ အချို့ ရက်များသာ အရောင်းအဝယ်ဖြစ်ခဲ့လို့ စုစုပေါင်း တန် ၁၁၀၀ ကျော်သာ အရောင်း အဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက်အချို့သာရှိပြီး ပြည်တွင်း မှာလည်း လက်ကျန်မများတော့ကြောင်း သိရပါတယ်။ အခြားပဲဈေးများ မြင့်တက် ပေမဲ့ ဝယ်လိုအားပါးနေတဲ့ ပဲဖြစ်လို့ ပဲတီစိမ်း FOB ဈေးမှာ ငြိမ်နေပါတယ်။ ဇွန်လ ၂၂ ရက်မှာ ပဲတီစိမ်း FAQ အညာ၊ ပခုက္ကူ တစ်တန် ကန်ဒေါ်လာ ၆၅၀-၆၇၀၊ ရွှေဝါအသေး တစ်တန် ကန်ဒေါ်လာ ၈၀၀-၈၂၀ နဲ့ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၈၈၀-၉၀၀ ရှိကြောင်း သိရပါတယ်။ MIRT - MAPT