Main menu

Background

ဝယ်လိုအား တိုးလာတာကြောင့် အိန္ဒိယပဲတီစိမ်းဈေးတိုးလာ

Fri, 06/29/2012 - 06:24 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်လက်လီ အဝယ်တက်လာပြီး ပဲထွက်ရှိရာဒေသများမှပဲအဝင်နည်းတဲ့အတွက် ပဲတီစိမ်းဈေးတိုးလာပါတယ်။ အိန္ဒိယ ကုန်သွယ်ရေးနဲ့ စက်မှုလက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ဧပြီ ၁၁ ရက်မှ မတ် ၁၂ ရက်အထိ မတ်ပဲနဲ့ ပဲတီစိမ်းတန်ချိန် ၁ ဒသမ ၁၂ သိန်း တင်သွင်းခဲ့ ကြောင်းသိရပါတယ်။ နိုင်ငံရဲ့ အချို့ဒေသတွေ မှာ ခြောက်သွေ့နေတဲ့အတွက် ပဲစိုက် ပျိုးမှု နှေးကွေးလျက်ရှိရာ အင်ဒရာပရာဒေ့ရှ်မှာ ပဲတီစိမ်းစိုက်ပျိုးပြီးစီးမှုဟာ ဟက် တာ ၁၀၀၀ သာရှိလို့ ယခင်နှစ်ကာလတူ စိုက်ပျိုးမှုထက် ၉၆ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-    ဒေါ်လာ/ တန်                              ၂၁-၆-၁၂    ၂၀-၆-၁၂    ၁၉-၆-၁၂    ၁၈-၆-၁၂မွန်ဘိုင်း(ပဲတီရွှေဝါ)         ၇၉၈          ၇၈၈            ၇၈၆       ၇၉၂ချန်နိုင်း(ပဲတီရွှေဝါ)          ၇၈၀          ၇၈၈            ၇၈၆       ၇၉၂ဒေလီ                          ၇၀၉          ၇၁၆             ၇၁၄       ၇၂၀MIRT(MAPT)