Main menu

Background

မိုးပဲသစ်များ ထွက်ပေါ်ကာနီးသော်လည်း ပဲဟောင်းဈေးငြိမ်လျက်ရှိ

Fri, 06/29/2012 - 06:31 -- Anonymous (not verified)

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်အတွင်း ဆောင်းသီးနှံပဲမျိုးစုံများမှာ လက် ကျန်နည်းလာခဲ့ပြီဖြစ်သလို ပဲတီစိမ်းသီးနှံဟာလည်း တိုင်းအတွင်းရှိ မြို့နယ် အားလုံးမှာ စိုက်ပျိုးမှု မရှိဘဲ ပြည်ခရိုင်အတွင်း မြို့နယ်အချို့မှာသာ စိုက်ပျိုးမှု ရှိခဲ့တာကြောင့် ဒေသတွင်း ထွက်ရှိမှုနည်းခဲ့ပါတယ်။ ဒါကြောင့် ဈေးကွက်အတွင်း ပွဲရုံများမှာ လက်ကျန် အသင့်အတင့်သာရှိခဲ့ပြီး၊ တစ်ခါတစ်ရံမှသာ ရန်ကုန် ဝယ် လက်အပေါ် မူတည်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။  ပဲတီစိမ်းဈေးနှုန်းမှာ တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ ယခင်အပတ်က ဈေးအတိုင်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဇူလိုင်လ အတွင်း မိုးပဲတီစိမ်းသစ် များ ဈေးကွက်ကိုဝင်ေ ရာက်နိုင်ကြောင်း ပွဲရုံများမှ သိရှိရပါတယ်။ခင်ဆွေဝင်း