Main menu

Background

ကုလားပဲဈေးကွက် အမြင့်ဈေးနဲ့ အရောင်းအဝယ်သွက်

Fri, 06/29/2012 - 06:36 -- Anonymous (not verified)

    မုံရွာကုန်စည်ဒိုင် ဇွန်လတတိယပတ် ကုလားပဲဈေးကွက်အနေနဲ့ မန္တလေး၊ ရန်ကုန်နဲ့ ဒေသတွင်းလုပ်ငန်းသုံး သမားတွေ အဝယ်ဆုံလို့ ကုလားပဲမျိုးစုံတက်ဈေးနဲ့ အရောင်းအဝယ်သွက်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ကုလားပဲရိုးရိုးကတော့ ပစ္စည်းလက်ကျန်နည်းလို့ ဈေးမတက်နိုင်တဲ့ရက်တွေရှိခဲ့ပေမဲ့ တစ်တင်း ၁၇၉၀၀ ကျပ် အမြင့်ဆုံးပေါက်ခဲ့ပါတယ်။ ယခု တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ တစ်တင်းပေါက်ဈေး အနိမ့်အမြင့်အားဖြင့် ထိုင်ဝမ် ၁၉၁၀၀ ကျပ် မှ ၁၉၈၀၀ ကျပ်၊ V2 ၁၉၂၀၀ ကျပ်မှ ၂၀၂၀၀ ကျပ်၊ 929 က ၁၉၄၀၀ ကျပ်မှ ၂၀၁၀၀ ကျပ် အသီးသီးဈေးဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ အရောင်း အဝယ်အားဖြင့် ယခုတစ်ပတ်အတွင်း ထိုင်ဝမ်နဲ့ 929 အိတ် ၇၀၀၀ မှ ၁၀၀၀၀ ကြားနဲ့ V2 အိတ် ၇၀၀၀ မှ ၈၀၀၀ ကြား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စီးဆင်းမှုအနေနဲ့ ရန်ကုန်ကို အိတ် ၅၀၀၀ ရေကြောင်းခရီးဖြင့် တင်ပို့ခဲ့ကြပြီး၊ မုံရွာဆိပ်ကမ်းမှာ ဆိုက်ကပ်လာတဲ့ ကုန်တင်ရေယာဉ်တွေနဲ့ ဆက်လက်တင်ပို့နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ထွန်းလှိုင်