Main menu

Background

အရောင်းအဝယ်ပါးလို့ အိန္ဒိယကုလားပဲဈေး အပြောင်းအလဲနည်း

Fri, 06/29/2012 - 06:34 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ကုလားပဲဝင်ရောက်မှုရှိနေပေမဲ့ အရောင်းအဝယ်ပါးတဲ့အတွက် ယခုတစ်ပတ်ဈေး အပြောင်းအလဲနည်းပါတယ်။ ကြိုပွိုင့်ဈေးလည်း လျော့ကျတယ်လို့ သိရပါတယ်။ ဈေးကွက်တွေကို စုစုပေါင်း တစ်ရက် ကုလားပဲအိတ် ၈၀၀၀၀- ၈၅၀၀၀ ခန့်ဝင်ရောက်တယ်လို့ သိရပါတယ်။ ဧပြီလ ၁၁ ရက်မှ မတ်လ ၁၂ ရက်အထိ ကုလားပဲ တန်ချိန် ၂ ဒသမ ၀၃ သိန်းတင်သွင်းခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ပဲစိုက်ပျိုးမှု နှေးကွေးနေတဲ့ သတင်းတွေအရ တောင်သူ များနဲ့ ကုန်သည်တချို့က  ဈေးတက်မယ်မှန်းပြီး ရောင်းချမှု နည်းနေတယ်လို့ သိရပါတယ်။ ဈေးကွက်တွေ မှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-     ဒေါ်လာ/ တန်             ၂၁-၆-၁၂    ၂၀-၆-၁၂    ၁၉-၆-၁၂    ၁၈-၆-၁၂မွန်ဘိုင်း        ၇၈၀          ၇၈၈          ၇၈၆        ၇၉၂ဒေလီ           ၇၄၀          ၇၆၁          ၇၅၄         ၇၆၀ကန်ပါ           ၇၈၃          ၇၈၈          ၇၆၈         ၇၇၄MIRT(MAPT)