ပါကစ္စတန်နိုင်ငံ ကရာချိရဲ့ လက်လီလက်ကားဈေးကွက်တွေမှာ ကုလားပဲဈေးက စတင်ကျဆင်းလာပြီလို့ သိရပါတယ်။ ယခင်နှစ်က ရာသီဥတု ဆိုးဝါးတဲ့အတွက် စိုက်ပျိုးထားတဲ့ အပင်များပျက်စီးခဲ့ရပြီး၊ ပန်ဂျပ်မှာ နှစ်စဉ် အထွက်နှုန်းကျဆင်းခဲ့ကာ လွန်ခဲ့တဲ့ ၃ လအတွင်း ဈေးနှုန်းကြီးမြင့်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်များမှာ ပြည်တွင်းမှာ ပဲအမြောက်အမြားအထွက် ပိုခဲ့လို့ ဈေးနှုန်းကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ယခုနှစ်မုတ်သုံမိုးမတိုင်မီထိတော့ ပဲဈေးက မြင့်တက်နေ ခဲ့ပါတယ်။ ပဲကုန်သည်များနဲ့ သိုလှောင်သူများက ဥပုသ်လရောက်ဖို့ ၂၅-၃၀ ရက်မှာ ပုံမှန်အဝယ်တက်နိုင်တဲ့အတွက် ဈေးမြင့်မယ် မှန်းခဲ့ပေမယ့် ဈေးကွက်တွေမှာ ကုလားပဲဝယ်ယူမှု မရှိခဲ့တာကြောင့် ဈေးနှုန်းကျဆင်းခဲ့ပါတယ်။ ဈေးနှုန်းကြီး မြင့်ခြင်းကြောင့် နေ့ စဉ်စားသုံးနေတဲ့ ၎င်းတို့ရဲ့ဝယ်ယူမှုကိုလျှော့ချခဲ့ကြတယ်လို့သိရပါ တယ်။ ပြည်တွင်း ကုလားပဲဈေးက တစ်ကီလို ရူပီး ၉၆ မှ ၉၄ (ကန်ဒေါ်လာ ၁ ဒသမ ၀၁ မှ သုည ဒသမ ၉၉)ကို ကျဆင်းခဲ့ပြီး၊ တင်သွင်းကုလားပဲဈေးက ရူပီး ၉၂ မှ ၉၀ (ကန် ဒေါ်လာ သုည ဒသမ ၉၇ မှ သုည ဒသမ ၉၅)ကို ကျဆင်းခဲ့ပါတယ်။ ကုလားပဲဈေးဟာ မျှော်မှန်းမထားတဲ့နှုန်း တစ်ကီလို ရူပီး ၉၈-၁၀၀ (ကန်ဒေါ်လာ ၁ ဒသမ ၀၄ - ၁ ဒသမ ၀၆)အထိ မြင့်တက်ခဲ့တာကြောင့် ကုလားပဲထုတ်ကုန်ဈေးများလည်း ကြီးမြင့်ခဲ့ရပါတယ်။ ကုလားပဲမှုန့်ဈေးဟာ လက်ကားဈေးကွက်မှာ တစ်ကီလို ရူပီး ၁၁၀ (ကန်ဒေါ်လာ ၁ ဒသမ ၁၆)ရှိပြီး၊ လက်လီဈေးမှာ ရူပီး ၁၂၀ (ကန်ဒေါ်လာ ၁ ဒသမ ၂၇)နဲ့ ယခင်က မကြုံဘူးတဲ့ဈေးကို ရောက်ရှိခဲ့ပါတယ်။ ဥပုသ်ကာလအတွင်းနဲ့ မတိုင်မီမှာ ကုလားပဲဈေးက ဝယ်ယူစားသုံးနိုင်တဲ့ တစ်ကီလို ရူပီး ၅၀-၆၀ (ကန်ဒေါ်လာ သုည ဒသမ ၅၃ - သုည ဒသမ ၆၃)နဲ့တည်ငြိမ်နိုင်တယ်လို့ ပဲတင်သွင်းသူများခေါင်းဆောင် တစ်ဦးက ဆိုပါတယ်။ ဥပုသ်လ မှာ နေ့စဉ်အဓိက စားသုံးတဲ့ ကုလားပဲပြတ် လပ်ရခြင်းမှာ ပဲရောင်းဝယ်သူ၊ သိုလှောင်သူများ ကဈေးအတက်မှာရောင်းချဖို့ အမြောက်အမြား သိုလှောင်ထားကြခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဈေးကွက်တွေမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းဝယ်ယူမှု သိသိသာသာ ကျဆင်းခဲ့တဲ့အတွက် ကုလားပဲနဲ့ ဆက်စပ် ထုတ်ကုန် ဈေးများလည်း ကျဆင်းပြီလို့ Gol ဈေးကွက်မှ ပဲလက်လီရောင်းချသူ တစ်ဦးက ဆိုပါတယ်။ ပြည်သူတွေဝယ်ယူမှုမရှိရင် နောက် ရက်အနည်းငယ်မှာလည်း ဈေးထပ်ကျမှာဖြစ်လို့ စားသုံးသူများ ကိုဈေးနှုန်းဝန်ပိမှုလည်း သက်သာ လာမယ်လို့ဆိုပါတယ်။ ယမင်းခင်၊Source: daily times
Background