Main menu

Background

အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာနမှ ကြက်သွန်နီ ကုန်သွယ်ရေးစနစ်ကိုတိုးမြင့်

Fri, 06/29/2012 - 09:56 -- Anonymous (not verified)

    အင်ဒိုနီးရှားနိုင်ငံမှာ ပြည်တွင်းကြက်သွန်နီဈေးတည်ငြိမ်စေဖို့အတွက် ပိုမိုသင့် တော်တဲ့ တင်သွင်းချိန် ဇယားချမှတ်ခြင်းဖြင့် ကြက်သွန်နီကုန်သွယ်ရေးအစီအစဉ် များ တိုးမြင့်မယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောကြားပါတယ်။ ပြည်တွင်းဈေး ကျဆင်းဖို့ ဖိအားဖြစ်စေတဲ့ ပိုလျှံမှုမရှိရအောင် ရိတ်သိမ်းရာသီကျော်လွန်မှသာ တင်သွင်းခွင့်ပြုသွားမှာ ဖြစ်ကြောင်း၊ ဇွန် ၁၅ ရက်မှာ ပြည်တွင်းကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ် Gunaryo က ပြောကြားပါတယ်။ ပြည်တွင်းထုတ်လုပ်မှု မလုံလောက်တဲ့အချိန်မှသာ တင်သွင်းခွင့်ပြုဖို့ကြိုးစား မှာဖြစ်ကြောင်း၊ စားသုံးသူများ လိုအပ်ချက်ပြည့်မီပြီး ဈေးတည်ငြိမ်အောင် ကြိုးစား သွားမှာဖြစ်ကြောင်း ၎င်းင်းက ပြောကြားပါတယ်။  လွန်ခဲ့တဲ့နှစ်များအတွင်း ကြက် သွန်နီဟာ တင်သွင်းမှုသိသိသာသာ မြင့်တက်ခဲ့တဲ့ ကုန်စည်တစ်မျိုးဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ တန်ချိန် ၇၃၂၇၀ တင်သွင်းခဲ့ရာမှ ၂၀၁၁ မှာ ၂ ဆပိုမိုတင်သွင်း ခဲ့တယ်လို့သိရပါတယ်။ တင်သွင်းမှုကြောင့် ရောင်းချမှုမှာ ပိုလျှံလာခဲ့လို့ ရိတ်သိမ်း ရာသီကာလအတွင်း ကြက်သွန်နီဈေး ကျဆင်းခဲ့ပါတယ်။စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောကြားချက်အရ တစ်နှစ်ကို ကြက်သွန်နီတန်ချိန် ၁ ဒသမ ၀၆ သန်း ဝန်းကျင် လိုအပ်ပြီး ယင်းပမာဏအနက် တန်ချိန် ၈၈၆၁၂၀မှာ အိမ်ထောင်စုစားသုံးမှုဖြစ်ကြောင်းသိရပါတယ်။ နိုင်ငံတစ်ဝန်း ကြက်သွန်နီထုတ်လုပ် ရေးစင်တာများအဖြစ် ဆောင်ရွက်ခဲ့ပေမဲ့  ၈၀ ရာခိုင်နှုန်းကျော်မှာ ဂျားဗားကျွန်းမှ ထွက်ရှိကြောင်း သိရပါတယ်။         ယမင်းခင်၊ Source: The Jakarta Post