ရှမ်းနနွင်းကတော့ ခပ်အေးအေးသာအရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်တွင်းသုံးအတွက် ဈေးပတ်သမားတွေ ဝယ်လာ တာကြောင့် အဝယ်နည်းနည်းဖြစ်လာတယ်လို့ သိရပါတယ်။ ဈေးကွက်မှာတော့ အမှုန့်ကြိတ် ဖို့နဲ့ ပရဆေးအတွက် အရည် အသွေးကောင်းတဲ့ နနွင်းကိုရွေးဝယ်ပြီး ခြင်ဆေးခွေပြုလုပ်ဖို့အတွက် နနွင်းညံ့တွေ ဝယ်ယူနေကြပါတယ်။ အရောင်းက မသွက် တော့ အဝင်ကလည်း နည်းနည်းသာရှိပါတယ်။ အချို့တွေကလည်း ဈေးမကြိုက်လို့ မရောင်းကြပါဘူး။ ဒီတစ်ပတ်နနွင်းဈေးက ပင်လောင်းနနွင်းတစ်ပိဿာ ၄၀၀ ကျပ် - ၄၅၀ ကျပ်၊ ပင်းတယ၊ တောင်ပို့လ နနွင်းက ၆၀၀ ကျပ် - ၇၀၀ ကျပ်နဲ့ ဆင် တောင်နနွင်းက ၉၀၀ ကျပ် - ၁၀၀၀ ကျပ်ဈေးရှိပါတယ်။ ဇွန် ၁ ရက်မှ ၁၉ ရက်အတွင်း ရန်ကုန်နေပြည်တော်၊ မော်လမြိုင်၊ မုံရွာ၊ ပြည်စတဲ့ မြို့များသို့ ပိဿာချိန် ၇၄၈၀၀ စီးဆင်းတယ်လို့ သိရပါတယ်။ ဧဧခိုင်
Background