Main menu

Background

ကြက်သွန်ဖြူတင်ပို့မှု အော်ဒါများ သိသိသာသာကျဆင်း၊ တရုတ်အစိုးရမှ သက်သာခွင့်များ ဆောင်ရွက်ပေးမယ်လို့မျှော်လင့်

Fri, 06/29/2012 - 10:05 -- Anonymous (not verified)

    ကြက်သွန်ဖြူဈေးနှုန်းမြင့်တက်တာကြောင့် ဇွန်အတွင်း တရုတ်ကြက်သွန်ဖြူတင်ပို့အော်ဒါများ ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ပြည်ပတင်ပို့မှု မြှင့်တင်ဖို့အစိုးရက ဦးစားပေးမူဝါဒအချို့ကို ထုတ်ပေးနိုင်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနမှ ဇွန်လ ၂၀ ရက်မှာ ပြောကြားပါတယ်။ လတ်ဆတ်ကြက်သွန်ဖြူ တင်ပို့ဈေးက ဇွန် ၁၀ ရက်မှာ တစ်တန် ကန်ဒေါ်လာ ၁၆၈၈ ရှိလို့ ယခင် တစ်နှစ် ထက် ၇၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။    လတ်ဆတ်ကြက်သွန်ဖြူဈေးနှုန်းမြင့်တက်မှုက အေးခဲကြက်သွန်ဖြူဈေးကိုပါ မြင့်တက်စေခဲ့ရာမေလမှာ တစ်တန် ကန် ဒေါ်လာ ၇၂၀ ရှိရာမှယခုလမှာကန်ဒေါ်လာ ၉၂၁ ထိ မြင့်တက်ခဲ့တယ်လို့ဆိုပါတယ်။ဈေးနှုန်း မြင့်တက်ခြင်း နဲ့ ပြည်ပဝယ်လက် များမှာလည်း သိုလှောင်လက်ကျန်များနေခြင်းတို့ကြောင့် ကြက်သွန်နီတင်ပို့ဖို့ မှာယူမှုများဟာ ယခုလ ယခုအချိန်မှာ သုံးပုံတစ်ပုံ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။    တစ်ချိန်ထဲမှာ ကြက်သွန်ဖြူတင်ပို့မှု အကျိုးအမြတ်လည်း ကျဆင်းခဲ့ပါတယ်။ ရှန်ဒေါင်းပြည်နယ် Xinxiang  ဒေသမှ ကြက်သွန်ဖြူတစ်တန် တင်ပို့ခြင်းမှ ရရှိတဲ့ အကျိုးအမြတ်က ယွမ် ၈၀-၁၀၀ (ကန်ဒေါ်လာ ၁၂ ဒသမ ၆ - ၁၅ ဒသမ ၇၅) ရှိလို့ ယခင်နှစ်ထက် ၅၀ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ယင်းဒေသမှ ကြက်သွန်ဖြူ တင်ပို့မှုဟာ တရုတ်တစ်နိုင်ငံ လုံး တင်ပို့မှုရဲ့ သုံးပုံတစ်ပုံနီးပါးရှိတယ်လို့ သိရပါတယ်။    ကြက်သွန်ဖြူတင်ပို့မှုမြှင့်တင်မှုအနေနဲ့ ကြက်သွန်တင်ပို့သူများ အားတက်စေဖို့နဲ့ ပြည်ပတင်ပို့မှု လုပ်ထုံး လုပ်နည်း ရိုးရှင်းဖို့ ဦးစားပေးမူဝါဒအချို့ကို ဆောင်ရွက်နိုင်တယ်လို့ ဝန်ကြီးဌာနကဆိုပါတယ်။ အရှေ့တောင်အာရှနဲ့ ဥရောပနိုင်ငံများကို ကြက်သွန်ဖြူတင်ပို့လေ့ရှိပေမယ့် ယခုနှစ်ပြည်ပဝယ်လက်များက တရုတ်ကြက်သွန်ဖြူ ဈေးမြင့် တက် နေတဲ့အတွက် မှာယူမှု များရပ်တန့်ခဲ့တယ်လို့ Jinxiang  ရှိ လတ်ဆတ်သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အအေး ခံ ကော်ပိုရေးရှင်းမန်နေဂျာ Sui  Yunyu မှ ပြောကြားပါတယ်။    လက်ရှိမှာတော့အင်ဒိုနီးရှားက တရုတ်ကြက်သွန်ဖြူအများဆုံး တင်သွင်းသူဖြစ်ပြီး၊ အဲဒီနောက်မှာ အမေရိကန်က ဒုတိယ အများဆုံး တင်သွင်းတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။ ဒါပေမယ့် ဧပြီလအတွင်းမှာ အမေရိကန်နိုင်ငံတကာ ကုန်သွယ်ရေး ကော်ပိုရေးရှင်းမှ ပြောကြားရာမှာ တရုတ်နိုင်ငံမှ လတ်ဆတ်ကြက်သွန်ဖြူ တင်သွင်းမှုနဲ့ ပတ်သက်လို့ anti-dumping အခွန်ကို ၃၇၆ ဒသမ ၆၇ ရာခိုင်နှုန်းထိ ဆက်လက်မြှင့်တင်ထားမယ်လို့ ဆိုပါတယ်။ တရုတ်ပို့ကုန်များ အမေရိကန်ကို ကန့်သတ်ဖို့ အဲဒီဆုံးဖြတ်ချက်ကို ဆက်လက်ထားရှိမယ်လို့ Sui   က ဆိုပါတယ်။    အချို့လေ့လာဆန်းစစ်သူများ ပြောကြားချက်အရ ပြည်တွင်းကြက်သွန်ဖြူဈေးဟာ ဆက်လက်မြင့်တက်နိုင်တယ်လို့ ဆိုပါ တယ်။ယခုနှစ်ဈေးနှုန်းမြင့်တက်မှုကအဓိကအားဖြင့် ၂၀၁၁ မှာဈေးနိမ့်ကျခြင်းကြောင့် နိုင်ငံရဲ့ ကြက်သွန်ဖြူစိုက် ဧရိယာ လျော့ကျ ခြင်းနဲ့ မကြာသေးခင်က ရှန်ဒေါင်းပြည်နယ်မှာ မိုးရွာသွန်းခဲ့ခြင်းကြောင့် ဖြစ်တယ်လို့ တရုတ်စီးပွားကူးသန်း ရဲ့ ထုတ်လုပ်မှု တိုးမြင့် ဖြန့်ဝေရေးစင်တာမှ လယ်ယာထွက်ကုန် သုတေသီ Guo  Liye  မှ ပြောကြားပါတယ်။    ဝန်ကြီးဌာနရဲ့ နောက်ဆုံးစာရင်းတွေအရ မကြာသေးခင်အတွင်း ကြက်သွန်ဖြူဈေးနှုန်းကြီးမြင့်မှု စတင်ခဲ့တယ်လို့ ဆိုပါ တယ်။လွန်ခဲ့တဲ့သီတင်းပတ် (ဇွန်လ ၁၁ ရက်မှ ၁၇ ) ကြက်သွန်ဖြူဈေးက ယခင်တစ်ပတ် ထက် ၇ ဒသမ ၆ ရာခိုင်နှုန်း မြင့် တက်ခဲ့တယ်လို့ ဆိုပါတယ်။                                                   ယမင်းခင်၊Source: Global  Times