Main menu

Background

ဗီယက်နမ်သစ်တင်ပို့သူများအတွက် ယခုနှစ်မှာ သစ်အဝယ်အော်ဒါများတိုးတက်

Fri, 06/29/2012 - 10:14 -- Anonymous (not verified)

     ဗီယက်နမ်နိုင်ငံရှိ အဓိကသစ်အချောထည် ထုတ်လုပ်သူအား လုံးနီးပါးဟာ  ယခုဇွန်လကုန်အထိ ပြည်ပစာချုပ်များ အပြည့်အ၀ ချုပ်ဆိုထားပြီးဖြစ်လို့ ယခုနှစ်သစ်တင်ပို့မှုမှာ ကန်ဒေါ်လာ ၄ ဘီလီယံ ထိရောက်ရှိကာ ယခင်နှစ်ရရှိတဲ့ ကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ ထက် အနည်းငယ်ပိုမိုရရှိမယ်လို့ ဟိုချီမင်းမြို့တော် လက်မှုနဲ့ သစ်လုပ် ငန်းအသင်း (HAWA) ဥက္ကဋ္ဌ Nguyan Chien Thang  မှ ပြော ကြားပါတယ်။ ဒါပေမဲ့ များစွာသော ပြည်တွင်းသစ်အချော ထည် ပြုလုပ်သူများဟာ ငွေအရင်းအနှီးအခက်အခဲနဲ့ ထုတ်လုပ်မှုစရိတ်မြင့် တက်ခြင်းတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ၎င်းမှပြောကြားပါတယ်။အရေးကြီးတဲ့ အချက်တစ်ခုကတော့ ပြည်တွင်းထုတ်လုပ်သူ များဟာ ဈေးကွက်ရှာဖွေရေးလုပ်ငန်းများ တိုးမြှင့်ဖို့နဲ့ ၎င်းတို့ထုတ် ကုန်ဒီဇိုင်းများတိုးတက်ဖို့ ဆောင်ရွက်သင့်တယ်လို့ဆိုပါတယ်။ အချိန် အတော်ကြာအောင် ပြည်ပတင်ပို့မှုနည်း ခဲ့ပြီးနောက် မကြာသေးခင် အတွင်း သစ်ထုတ်ကုန်ပြည်ပတင်ပို့ဖို့ အော်ဒါများဟာ ပမာဏရော၊ တန်ဘိုးပါမြင့်တက်ခဲ့တယ် လို့ Binh Duong ပရိဘောဂအသင်း (Bifa)  ဥက္ကဋ္ဌ Vo Truong Thanh  မှ ပြောကြားပါတယ်။      ငွေအရင်းအနှီးခက်ခဲခြင်းနဲ့ ကုန်ကြမ်းရောင်းချမှု ပြတ်လပ် ခြင်းတို့ကြောင့် အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်များစွာ ဟာ ထုတ်လုပ်မှုလျှော့ချခြင်းရှိသလို အချို့မှာလည်း အလုပ်ရုံပိတ်တာတွေ ရှိတဲ့အတွက် ရောင်းချမှုမလုံလောက် ကာ ပြည်ပတင်ပို့မှုလျော့ကျခဲ့ တယ်လို့ Thanh မှဆိုပါတယ်။ ယခုနှစ်အတွက်ကတော့  ငွေအရင်း အနှီးတိုးတက်ဖို့ အထောက်အကူဖြစ်စေတဲ့ဈေးနဲ့ ပြည်ပတင်ပို့မှု တိုးတက်လာလို့ ဗီယက်နမ်သစ်တင်ပို့ ထုတ်လုပ်သူများအတွက် အချိန် ကောင်းဖြစ်နေတယ်လို့ ၎င်းကဆိုပါတယ်။ ယခုနှစ် အဓိကတင်ပို့တဲ့ဈေးကွက်များမှာ အာဆီယံနဲ့ တောင်အမေရိကနိုင်ငံများဖြစ်တယ်လို့ HAWA   မှဆိုပါတယ်။ အထူးသဖြင့် ဂျပန်နိုင်ငံကို ဗီယက်နမ်သစ်ထုတ်ကုန် ပြည်ပတင်ပို့မှုတန်ဘိုးဟာ ၂၀၁၁ နှစ်ကုန်နောက်ပိုင်း ၂၇ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ဆိုပါ တယ်။ ဂျပန်နိုင်ငံမှာ ငလျင်နဲ့ဆူနာမီဖြစ်ပြီးနောက်ပိုင်း ဆောက်လုပ် ရေး ပရောဂျက် များကြောင့် သစ်လိုအပ်ချက်မြင့်တက်လာလို့ ဝင်ငွေ ဆက်လက်တိုးတက်လိမ့်မယ်လို့ Thang မှဆိုပါတယ်။ တစ်ချိန်တည်းမှာ တရုတ်ထုတ်ကုန်များနဲ့ ဈေးနှုန်းယှဉ်ပြိုင် ကမ်းလှမ်းတဲ့ ပြည်တွင်းထုတ်လုပ်သူများနဲ့ အမေရိကန် ဖောက် သည် များလည်း စာချုပ်များ ချုပ်ဆိုထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ယခုနှစ် သစ်ထုတ်ကုန်တင်ပို့မှု စုစုပေါင်းတန်ဖိုးဟာ မနှစ်ကထက် ပိုပြီး ကန်ဒေါ်လာ ၄ ဘီလီယံထိရရှိဖို့ မျှော်လင့်ကြောင်း ပြောကြားပါ တယ်။ သစ်လုပ်ငန်းကဏ္ဍဟာ သစ်ကုန်ကြမ်းအလုံအလောက် ရောင်း ချဖို့လည်း ရည်မှန်းလျက်ရှိကြောင်း သိရပါတယ်။ သစ်တောလုပ်ငန်း အတွက် နိုင်ငံတော်ဖွံ့ဖြိုးရေးဗျူဟာအရ ၂၀၂၀ မှာ ပြည်တွင်း သစ်လိုအပ်ချက်ရော၊ ပြည်ပတင်ပို့ဖို့ရော ဖြည့်ဆည်းနိုင်လိမ့်မယ်လို့ ဗီယက်နမ်သစ်နဲ့သစ်တောထုတ်ကုန်အသင်းဥက္ကဋ္ဌ Nguyen  Ton Quyen   မှ ပြောကြားပါတယ်။ ဆိုလိုတာကတော့ ၂၀၂၀ တိုင်အောင် ပြည်တွင်းထုတ်လုပ် သူများဟာ ပြည်ပတင်ပို့ဖို့အတွက် ကုန်ကြမ်းများကို ဈေးအမြင့်နဲ့ ဆက်လက်တင်သွင်းနေရဦးမယ့်သဘော ဖြစ်ပါတယ်။ ဒါကြောင့် သစ်အချောထည် ထုတ်လုပ်သူများအနေနဲ့ အခြားနိုင်ငံ များမှ သစ်ထုတ်ကုန်ထုတ်လုပ်သူများထက် ၎င်းင်းတို့ရဲ့ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်ဖို့ အဖြေရှာကြိုးစားသွားရ မှာဖြစ်ကြောင်း Quyen မှ ဆိုပါတယ်။ Source: VOU