တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရောင်းချလိုသည့်အတွက် ပြည်တွင်းအခြေခံအဆောက်အဦ လုပ်ငန်းကဏ္ဍတွင် တရုတ်အား ဝင်ရောက်လုပ်ကိုင်ခွင့်ပေးရမည့် ထိုင်းနိုင်ငံ
တရုတ်နိုင်ငံက ထိုင်းနိုင်ငံမှ ဆန်တန်ချိန် အနည်းဆုံးတစ်သန်းကိုအစိုးရအချင်းချင်းသဘောတူညီမှုစနစ် (Government to Government) နဲ့ ဝယ်ယူတင်သွင်းဖို့ သဘောတူခဲ့တယ်လိ့ု ထိုင်းနိုင်ငံစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့တယ်။ ဒါပေမဲ့ထိုင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံကို တင်ပို့မယ့်ဆန်တွေအတွက်တန်ဖိုး တစ်ခုနဲ့ ဘဘောတူရမှာဖြစ်တယ်။ ၎င်း တန်ဖိုးမှာ အခြားမဟုတ်ဘဲ တရုတ်နိုင်ငံက ထိုင်းနိုင်ငံမှာ အခြေခံအဆောက်အဦလုပ်ငန်းကို ချဲ့ထွင်လုပ်ကိုင်လိုခြင်းပဲ ဖြစ်တယ်။ ဒါ့ကြောင့် ထိုင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ အခြေခံအဆောက်အဦ လုပ်ပိုင်ခွင့်ဆိုင်ရာ စာချုပ်တွေ ချုပ်ဆိုရမှာ ဖြစ်တယ်။ မကြာမီကာလ အတွင်း နှစ်နိုင်ငံပူးတွဲအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ သဘောတူညီချက်ကို အဆုံးသတ်မှာဖြစ်ပြီး တရုတ်က ထိုင်းနိုင်ငံထံမှ ဆန်တန်ချိန် ၂ သန်းကို နှစ်စဉ်ဝယ် ယူသွားမယ်လိ့ု သိရတယ်။Source:oryza.com,ပပ
