၂၀၁၂ ဆန်တင်ပို့မှုမှာ ထိုင်းနဲ့ ဗီယက်နမ်ကို အိန္ဒိယဦးဆောင်နေ

    ၂၀၁၁ စက်တင်ဘာမှ ၉ ရက်မှ ၂၀၁၂ ဇွန် ၄ ရက်အထိ ဘာစမာတီမဟုတ်တဲ့ ဆန်တန်ချိန် ၅ သန်းခန့် တင်ပု့ိခြင်းနဲ့ အတူ ယခုနှစ် ဆန်တင်ပို့မှုမှာ အိန္ဒိယထိပ်တန်းဖြစ်နိုင်တယ်လို့ သိရပါတယ်။ ယခင်နှစ် စက်တင်ဘာမှာ အိန္ဒိယနိုင်ငံဟာ ၃ နှစ်ကြာဆန်တင်ပို့မှု ပိတ်ထားခဲ့ရာမှ ဈေးကွက်အတွင်း ပြန် ဝင်ရောက်လာတာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်နောက်ဆုံး ၃ လအတွင်း အိန္ဒိယကဘာစမာတီမဟုတ်တဲ့ဆန်တန်ချိန်၂သန်း ခန့် တင်ပို့ခဲ့ပြီး၊  ၂၀၁၂ ပြက္ခဒိန်နှစ်မှာ ဘာစမာတီ မဟုတ်တဲ့ ဆန်တန်ချိန် ၃ သန်းခန့် တင်ပို့ပြီးလို့ ယှဉ်ပြိုင်ဖက် ထိုင်းနဲ့ ဗီယက်နမ်တို့ထက် အနည်းငယ်ပိုမိုခဲ့တယ်လို့ သိရပါတယ်။    ဘာစမာတီမဟုတ်တဲ့ ဆန်အပြင် ဘာစမာတီဆန်တန် ချိန် ၂ သန်း -၂ ဒသမ ၅ သန်းခန့် တင်ပို့ခဲ့ပါတယ်။ အီရတ် နဲ့အီရန်တို့ရဲ့ ဝယ်လိုအား ပိုမိုကြီးမားလာခြင်းနဲ့ တရုတ်နိုင်ငံလို ဝယ်လက်အသစ်တို့ကြောင့်၊ ယခုနှစ် အိန္ဒိယနိုင်ငံရဲ့ ဆန်တင် ပို့မှုတိုးတက်ဖွယ်ရှိနေပါတယ်။ ၂၀၁၁ ခုနှစ်ရဲ့ ထိပ်တန်းဆန် တင်ပို့သူ ထိုင်းနိုင်ငံက ယခုနှစ် ဆန်တန်ချိန် ၉ သန်းတင်ပို့ဖို့ ရည်မှန်းထားပေမယ့် အမေရိကန်စိုက်ပျိုးရေးဌာနမှ တန်ချိန် ၆ဒသမ၅သန်းဝန်းကျင်သာတင်ပို့နိုင်မယ်လို့ခန့်မှန်းထားပါတယ်။    ထိုင်းဆန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၈ ရက်အထိ ဆန်တင်ပို့မှုက တန်ချိန် ၃ သန်းသာရှိလို့ ယခင်နှစ်ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန်  ၅ ဒသမ ၅ သန်းထက် ၄၄ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၂ ပြက္ခဒိန်နှစ်အစပိုင်းမှ ဇွန်လ ၂၀ ရက်အထိ ဗီယက်နမ်မှ ဆန်တင်ပို့မှုဟာ တန်ချိန် ၃ သန်းနီးပါး ရှိတယ်လို့ သိရပါ တယ်။ ဗီယက်နမ်အစိုးရအရာရှိများရဲ့ ၂၀၁၂ အတွက် ဆန်တင်ပို့မှု လျာထားချက်မှာ တန်ချိန် ၆ သန်း - ၆ ဒသမ ၅ သန်းအကြားရှိတယ်လို့ သိရပါတယ်။    အမေရိကန်စိုက်ပျိုးရေးဌာနမှ ခန့်မှန်းချက်အရ  အိန္ဒိယ နိုင်ငံမှ ၂၀၁၂ မှာဘာစမာတီဆန်တန်ချိန် ၂ ဒသမ ၅ သန်း အပါအဝင် စုစုပေါင်း တန်ချိန် ၈ သန်းခန့် တင်ပို့နိုင်မယ်လို့ ဆိုပါတယ်။ ယနေ့အချိန်ထိ ဘာစမာတီမဟုတ်တဲ့ ဆန် တန်ချိန် ၃ သန်းခန့် တင်ပို့ခဲ့ပြီး၊ ယခုပြက္ခဒိန်နှစ် ကျန်တဲ့လ တွေမှာ ဘာစမာတီမဟုတ်တဲ့ ဆန်တန်ချိန် ၂ ဒသမ  ၅ သန်းခန့် တင်ပို့နိုင်မယ်လို့ မျှော်လင့်ထားကြောင်း သိရပါ တယ်။လမင်း၊Source: oryza.com